Homeသတင်းမုဒုံမြို့နယ်လုံးဆိုင်ရာ ၃၀ ကြိမ်မြောက် နွေရာသီမွန်စာပေ မြို့နယ်အဆင့် စာမေးပွဲကျင်းပ

မုဒုံမြို့နယ်လုံးဆိုင်ရာ ၃၀ ကြိမ်မြောက် နွေရာသီမွန်စာပေ မြို့နယ်အဆင့် စာမေးပွဲကျင်းပ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၁)

မွန်ပြည်နယ် မုဒုံမြို့နယ်လုံးဆိုင်ရာ အာသောကရာမပရဝုဏ်မှာ မွန်စာပေသင်ကြားရေးနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့ဝင်များက မေလ ၁၀ ရက်တွင် (၃၀) ကြိမ်မြောက် မြို့နယ်အဆင့် နွေရာသီမွန်စာပေ စာမေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

စာမေးပွဲမှာ (၁) သူငယ်တန်းရေးအဖြေ၊ (၂) ပထမတန်း၊ (၃) ဒုတိယတန်း၊ (၄) ယဉ်ကျေးမှု ဗုဒ္ဓဘာသာတန်း၊ (၄) မွန်စကားပြေဘာသာ (၅) အဘိဓမ္မာဘာသာ ၊ (၆) လောကနီတိဘာသာ၊ (၇) သုဝဏ္ဏဘူမိသမိုင်း၊ (၈) ဟံသာဝတီသမိုင်း၊ (၉) မုတ္တမသမိုင်း ၊ (၁ဝ)မွန်စာပေသမိုင်း၊ (၁၁) မွန်ရိုးရာစာပေတို့ ဖြေဆိုခဲ့ကြောင်း သိရသည်။

ွန်စာပေသင်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်မွန်ရာဇာက “မုဒုံမြို့နယ်မှာရှိတဲ့ တိုက်နယ် (၁၁) ခုမှာ ကျောင်းသား/ကျောင်းသူ ဦးရေစုစုပေါင်းကတော့ (၁၀၅၅၃) ယောက်ရှိတာပါ။ မ​နေ့က လာရောက်ဖြေဆိုတဲ့ ကလေးတွေအားလုံးက ထူချွန်းထက်မြက်တဲ့ ကလေးတွေကို ရွေးချယ်ဖြေဆိုခွင့်ရှိတယ်” ဟု ပြောသည်။

မုဒုံမြို့နယ်က လာရောက်ဖြေဆိုမည့်ကျောင်းသားကျောင်းသူများက ကွေ့ဝမ်း- နိုင်းပြိုင်တိုက်နယ်၊ ကော့ခပုံ- ကွမ်တာတိုက်နယ်၊ သာယာကုန်း-တာပသွန်တိုက်နယ်၊ မုဒုံတိုက်နယ်၊ ညောင်ကုန်းတိုက်နယ်၊ တော်ကူးတိုက်နယ်၊ နိုင်လှုံတိုက်နယ်၊ ကမာဝက်တိုက်နယ်၊ ကလော့တော့တိုက်နယ်၊ ဒိုးမား- ဆက်သွယ်တိုက်နယ်၊ နှီးပဒေါတိုက်နယ်တို့ တိုက်နယ် (၁၁) ခု ထူးချွန်ကျောင်းသား ၃၂၆ ယောက် လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

တိုက်နယ် (၁၁) ခုမှ အတန်းစဉ်တိုင်းတွင် ပထမ၊ ဒုတိယ၊ တတိယရှိသွားသော ထူးချွန်ကျောင်းသားများကို မြို့နယ်အဆင့် စာမေးပွဲဖြေဆိုခွင့်ပြုခဲ့ပြီး မြို့နယ်အဆင့်ကလည်း ၄င်းတို့ထဲမှ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု (၁) နှင့် နှစ်သိမ့်ဆု (၂)၊ ရိုးရိုးအောင်ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၂၂ မေလ ၁၄ ရက်တွင် မုဒုံမြို့နယ် တောင်ပကျေးရွာ ကျောင်းသစ် ဘုန်းကြီးကျောင်းမှာ စာမေးပွဲ အောင်မြင်သူများကို ဆုချီးမြှင့်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts