မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၁)
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွဲဆိုထားသည့် ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှုကို ယခုလအတွင်း အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို နစက ကောင်စီဘက်က ရွေးကောက်ပွဲအတွင်း မလျော်သြဇာသုံးခဲ့သည်ဟုသော စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် တစ်မှု ၊ ပုဒ်မ ၁၇၁ (စ)ဖြင့် အမှု နှစ်မှု စုစုပေါင်း အမှု ၃ မှုဖြင့် တရားစွဲဆိုထားသည်။
ရွေးကောက်ပွဲ မလျှော်ဩဇာသုံးမှု အမှု ၃ မှုအတွက် သက်သေများကို စစ်ဆေးနေပြီး ယခုလအတွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
မေလ ၁၀ ရက်နေ့တွင်လည်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်မှ တင်သွင်းသော တရားခံပြ သက်သေကို မော်လမြိုင်မြို့နယ် တရားရုံးတွင် ရူံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်မှ စွဲဆိုထားသည့် အဂတိမှု အမှု ၉ မှုအတွက် ပြင်ဆင်ချက် လျှောက်ထားခဲ့သော်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၇ ရက်က ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို နိုင်ငံ့ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ပေးရန် တိုက်တွန်းခဲ့သည် ဟုဆိုကာ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့သည်။
လက်ရှိအချိန်ထိ ဒေါက်တာအေးဇံကို ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
