Homeသတင်းရေးမြို့နယ် ထက်ထက်ဆီဆိုင်ရှေ့ ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ရေးမြို့နယ် ထက်ထက်ဆီဆိုင်ရှေ့ ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၉)

မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု ရေး – မော်လမြိုင် ကားလမ်းမကြီး ထက်ထက်ဆီဆိုင်ရှေ့တွင် ယနေ့ (မေ ၉ ရက်) မွန်းလွဲ ၂ နာရီခန့်တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ခရီးသည်တင်ယာဉ်မှန်လုံးကားနှင့် ဆိုင်ကယ်ချိတ်မိရာမှ ရေခဲချောင်းသည် စက်ဘီးနှင့် ထပ်ဆင့်တိုက်မှုကြောင့် ဆိုင်ကယ်အနောက်တွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေခံတစ်ဦးထံက သိရသည်။

”သေဆုံးသူအမျိုးသမီးက သဘက်ခါ သူ့ယောက္ခမ အလှူလုပ်ဖို့ သူ့ယောယောကျာ်းနဲ့ ရေးမှာ စျေးလာဝယ်ရင်းနဲ့ သူတို့ဆိုင်ကယ်နဲ့ မှန်လုံယာဉ်နဲ့ ချိတ်တာ နောက်မှာ ရေခဲချောင်းစက်ဘီးနဲ့ ပြန်တိုက်ပြီး ဒဏ်ရာကြောင့် ဆေးရုံးရောက်တော့ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ ကွမ်းဒူကျေးရွာ ဇာတိဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် လက်ကောက်ဝတ်ကြေမွ၊ မျက်နှာမှာ ထိခိုက်ဒဏ်ရာရရှိပြီး ရေးမြို့ ပြည်သူ့ဆေးရုံးအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

ရေခဲချောင်းသည် လူငယ်လေးမှာ ခြေထောက်ကျိုးဒဏ်ရာကြောင့် ဆေးကုသမှုခံယူပြီး နေထိုင်ရာအိမ်သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်မှန်လုံကားမှာ မောင်းပြေးသွားသဖြင့် သက်ဆိုင်ရာများမှ လိုက်လံ စုံစမ်းလျှက်ရှိကြောင့် သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts