Homeသတင်းပေါင်မြို့နယ်မှာ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

ပေါင်မြို့နယ်မှာ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၉)

မွန်ပြည်နယ် ပေါင်မြို့နယ် ကျွဲခြံဂတ်လှေဆိပ်အနီး “လောင်းလိုက်” ကုမ္မဏီလမ်းသစ်အနီးမှာ ယမန်နေ့ ​ညပိုင်းက ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားတဲ့အမျိုးသားမှာ ကျွဲခြံကျေးရွာ ရွာသစ်ပိုင်းတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ပေါင်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်ဟု သိရသည်။

“ည ၇ နာရီ ၁၀ မိနစ်လောက်က ဗုံးပေါက်ကွဲတာ၊ အသံကတော့ တော်တော်ကျယ်ကျယ်ကို ထွက်လာတာ‌”လို့ ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts