spot_img
Monday, January 26, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်း တစ်ချို့ရပ်နားလာ

    မွန်ပြည်နယ်အတွင်း တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်း တစ်ချို့ရပ်နားလာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၃)

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းက တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြသော မွေးမြူရေးလုပ်ငန်း တစ်ချို့ ရပ်နားလာကြပြီဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များအသင်းထံက သိရသည်။

    တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသူများအနေဖြင့် အစာဈေးနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်လာသောကြောင့် ဆက်လက်လုပ်ကိုင်ရန် ခက်ခဲလာခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်အသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “အဓိကကတော့ တွက်ခြေမကိုက်တာ အရှုံးပေါ်တာပေါ့။ သူများတွေလို စီးပွားဖြစ်မဟုတ်ဘူး တစ်နိုင်တစ်ပိုင်လုပ်တာတောင် အစာဖိုးတွေက ဈေးအရမ်းကြီးလာတယ်။ သယ်ယူစရိတ်ကလည်း လိုက်တက်လာတော့ သူတို့အတွက် အခက်အခဲဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် မော်လမြိုင်မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် လုပ်ငန်း လုပ်ကိုင်သူ တစ်ဝက်ကျော်ခန့် ရပ်နားလာကြကြောင်း၊ မွေးမြူရေးလုပ်ငန်းကို ရပ်နားကာ လုပ်ငန်းပြောင်းလဲလာသူများ ရှိလာကြောင်း ၎င်းက ပြောသည်။

    မော်လမြိုင် ဘဲကုန်းရပ်ကွက်မှ ကြက်၊ဘဲ မွေးမြူရေးနေသူ တစ်ဦးက “အမတို့ကျတော့ အကောင်ရေလျော့ချလိုက်တယ်။ စရိတ်လျော့လိုက်တာပေါ့။ ပိုက်ဆံနည်းနည်းထွက်လာတာပေါ့။ အမြတ်ရဖို့ထက်ကို အလုပ်မပျက်ချင်လို့ ဆက်လုပ်နေရတာပေါ့”ဟု ပြောသည်။

    ပြီးခဲ့သည် မတ်လအတွင်းက ကြက်၊ ဘဲများတွင် ရောဂါပိုးကျရောက်မှုများ ရှိခဲ့သောကြောင့် မွေးမြူရေးသမားများ အရှုံးပေါ်ခဲ့ကြောင်း ၎င်းက ပြောသည်။

    မွေးမြူရေးအစားအစာနှင့် ဆေးဝါးဈေးနှုန်းများ ပြန်လည်ကျဆင်းလာမည်ဆိုပါက မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    မွန်ပြည်နယ်အတွင်း ဥစားကြက်၊ အသားစားကြက်၊ ဝက်၊ ဆိတ်၊ ငုံနှင့် နွားတို့ကို အဓိက မွေးမြူကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts