Homeသတင်းရေးမြို့နယ် စံပြကျေးရွာနှင့် နှင်းစုံကျေးရွာကြား ပစ်ခတ်မှုတွင် အမျိုးသမီး ၁ ဦးသေဆုံး

ရေးမြို့နယ် စံပြကျေးရွာနှင့် နှင်းစုံကျေးရွာကြား ပစ်ခတ်မှုတွင် အမျိုးသမီး ၁ ဦးသေဆုံး

-

မွန်သတင်းအင်ဂျင်စီ (၂၀၂၂ ဧပြီ ၂၈)

မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာနှင့် နှင်းစုံကျေးရွာအကြားတွင် ဧပြီ ၂၇ ရက် ညနေ ၄ နာရီခန့်က  ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသမီးသည် မိသားစုနှင့်အတူ မိဘဆီ အလည်ပြန်လာစဉ် ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် ကျည်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲအမျိုးသမီးက သူ့ကလေးနဲ့အတူ သူ့အမေဆီလာလည်တယ် မနေ့ညပိုင်းလောက်မှာ ပစ်ခတ်ရှိတဲ့အခါကြတော့ သူပုန်းတဲ့အချိန်မှာ ရေသောက်ချင်တယ်ဆိုပြီး တဲဆီလာတဲ့ အချိန်မှာပဲ ဦးခေါင်းမှာ သေနတ်ထိသေဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၂၁ နှစ်ရှိပြီး နို့တိုက်မိခင်တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသမီး ရုပ်အလောင်းကို ယနေ့ နံနက် ၇ နာရီ အချိန်တွင် လမိုင်းပရဟိတအဖွဲ့မှ လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းကလည်း စစ်တပ်မှ ကား (၇) စီးဖြင့် သံဖြူဇရပ်မြို့မှ ရေးမြို့သို့ ဆင်းလာစဉ် ရေးမြို့နယ် ကနင်းကမော့ကျေးရွာအနီးသို့ အရောက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တောင်ညို ပြည်သူပြောက်ကျားတပ် ပူပေါင်းခြုံခို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ တပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်နယ် တောင်ညိုပြည်သူပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts