Sunday, March 29, 2026
More
    spot_img
    Homeသတင်းနိုင်ငံခြားငွေ ကန့်သတ်ချက်ကြောင့် ရော်ဘာ ဈေးကျ

    နိုင်ငံခြားငွေ ကန့်သတ်ချက်ကြောင့် ရော်ဘာ ဈေးကျ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၁၁)

    နိုင်ငံခြားငွေ ဈေးနှုန်း သတ်မှတ်ကြောင့် မွန်ပြည်နယ် ရော်ဘာဈေးကွက်အတွင်း ရော်ဘာဈေးနှုန်းများ ကျဆင်းလာကြောင်း မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    နစက ကောင်စီက ပြီးခဲ့သည့် ဧပြီလ ၃ရက်နေ့တွင် ပြည်ပက ရရှိလာသော နိုင်ငံခြားငွေများကို တစ်ရက်အတွင်း မြန်မာငွေဖြင့် မဖြစ်မနေ လဲလှယ်ရောင်းချရန် အပါအဝင် နိုင်ငံခြားသုံးငွေများကို ပြည်ပသို့ လွှဲပြောင်းရာတွင်လည်း နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်ဟု ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ထုတ်ပြန်ချက်နှင့် နိုင်ငံခြားငွေဈေးနှုန်း သတ်မှတ်ချက်ကြောင့် ရော်ဘာဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “အဓိကက ဒေါ်လာဈေး သတ်မှတ်လိုက်လို့ ကျသွားတာပါ။ ဒေါ်‌လာဈေးက ၁၈၅၀ နဲ့ သတ်မှတ်လိုက်တော့ တရုတ်က သူတို့ သင်္ဘော တင်တဲ့အခါကျတော့ တရားဝင်လူပ်ဆောင်တဲ့အခါကျတော့ ဒေါ်လာနဲ့ လဲပြီး လုပ်ရတယ်လေ။ အဲဒါကြောင့် သူတို့က ဈေးကျသွားတယ်”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် RSS 3 တစ်ပေါင် ၁၂၁၀ကျပ်နှင့် RSS 1 တစ်ပေါင် ၁၃၂၀ကျပ် ပေါက်‌ဈေး ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    ယခင် ဖေဖော်ဝါရီလ ဈေးနှုန်းထက် ၅၀၀ကျပ် လျော့ကျလာခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းများ ထပ်မံကျဆင်းလာဖို့ရှိကြောင်း ရော်ဘာလုပ်ငန်းရှင်များက သုံးသပ်ပြောသည်။

    ဒေါ်လာဈေးကို ကန့်သတ်သတ်မှတ်လိုက်သောကြောင့် ဈေးကွက်အတွင်း ရော်ဘာဈေးနှုန်း ပြန်တက်လာနိုင်မည် မဟုတ်သေးကြောင်း မော်လမြိုင်မြို့နယ်မှ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောသည်။

    “ဈေးနှုန်းကတော့ တက်လာဖို့ မရှိသေးဘူး။ ဒေါ်လာဈေးကို သတ်မှတ်လိုက်တာဆိုတော့ ရော်ဘာဈေး ပြန်တက်လာဖို့ဆိုတာကလည်း မဖြစ်လာနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။

    လက်ရှိအခြေအနေသည့် ဝယ်သူ ရောင်းသူ နှစ်ဖက်လုံးအတွက် ကျပ်တည်းသော အခြေအနေ တစ်ခု ဖြစ်လာကြောင်း ၄င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက ငါးသိန်း ကျော်ရှိပြီး နှစ်စဉ် ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိလေ့ရှိကြောင်း သိရသည်။

    photo – internet

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks