Homeသတင်းမြဝတီမှ မော်လမြိုင်သို့ပြန်လာသည့်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

မြဝတီမှ မော်လမြိုင်သို့ပြန်လာသည့်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၂၈)

မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ယာယီဘေလီတံတားအနီးတွင် ယနေ့ (မတ်လ ၂၈ရက်) နံနက်ပိုင်းက မြဝတီမှ မော်လမြိုင်သို့ ဆင်းလာသည့် အိမ်စီးကားတစ်စီး အပစ်ခံရပြီး ကားပေါ်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးထံမှ သိရသည်။

အမျိုးသား ၅ ဦး လိုက်ပါစီးနင်းလာသည့် အနက်ရောင် Probox အမျိုးအစား ကားပစ်ခတ်ခံခဲ့ရ ခြင်းဖြစ်ပြီး ကားနောက်ခန်းတွင် ထိုင်သည့် သုံးဦးအနက် အလယ်မှ အမျိုးသား ကျည်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကျည်ထိမှန်သူကို ၎င်းတို့ကိုယ်တိုင် ကော့ရိတ်ဆေးရုံသို့ ပိုဆောင်ခဲ့ပြီး သေဆုံးသူ အမျိုးသားအလောင်းကို မော်လမြိုင်သို့ပြန်လည်ယူဆောင်သွားကြောင်း လူမှုကယ်ဆယ်ရေး တာဝန်ခံက မွန်သတင်းအေဂျင်စီကို ပြောသည်။

ကျည်ထိမှန်သူ သေဆုံးသူ (Internet)

“သူတို့တွေက ဆွေမျိုးတွေလို့ ပြောတယ်ဗျ။ ပွဲချင်းပြီးဆုံးသွားတာ။ အခု အလောင်းကို မော်လမြိုင်ကို ပြန်ပို့နေပါတယ်။ လမ်းမှာပါ”ဟု ပြောသည်။

သေဆုံးသူဘေးမှ အမျိုးသား ကွမ်းတံတွေးငုံ့ထွေးနေစဉ် ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်းထံမှသိရသည်။

အဆိုပါ ကော့ကရိတ်-မြဝတီလမ်းမကြီးနှင့် မြဝတီ-ဝေါ်လေ လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ ဒူးပလာယာခရိုင်က မတ်လ ၂၇ရက်နေ့တွင် စာထုတ်ပြန်ထားသည်။

ယမန်နေ့က အဆိုပါကားလမ်းတွင် သွားလာသည့် ကားမရှိသော်လည်း ယနေ့ နံနက်ပိုင်းတွင် ကားအသေးအချို့နှင့် ကုန်တင်ယာဉ်အချို့ ဖြတ်သန်းသွားလာခဲ့သည်။

ကရင်ပြည်နယ်တွင် စစ်တပ်နှင့် KNU၊ KNLA၊ PDF တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး Probox ကားအပြင် ကုန်တင်ယာဉ်အချို့လည်း ကျည်ထိမှန်မှုများရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts