spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်ဆေးမခံသည့် နိုင်ငံရေးပါတီများ ပါတီဖျက်သိမ်းသည်အထိ လုပ်ဆောင်နိုင်ကြောင်း UEC ပြော

    စစ်ဆေးမခံသည့် နိုင်ငံရေးပါတီများ ပါတီဖျက်သိမ်းသည်အထိ လုပ်ဆောင်နိုင်ကြောင်း UEC ပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂၊ မတ်လ ၂၄)

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၁ ခုနှစ် သြဂုတ်လကစပြီး  နိုင်ငံရေးပါတီများအား စစ်ဆေးခဲ့ရာ အစစ်အဆေးမခံသည့်ပါတီများကို (၃)နှစ်အထိ ယာယီရပ်ဆိုင်းနိုင်သည့်အပြင် ဖျက်သိမ်းနိုင်သည်အထိ လုပ်ဆောင်နိုင်ကြောင်း UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသည်။

    မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် နစက ကောင်စီသတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

    တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၈၃ ပါတီရှိသည့်အနက် စစ်ဆေးရန်ကျန်နေသောပါတီ ၉ ပါတီကို ဆက်လက်စစ်ဆေးမည်ဟုလည်း ဆိုခဲ့သည်။


    သို့ရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က “ကျတော်တို့ကတော့ အရင်အတိုင်းပဲ ဆက်သွားပါမယ်။ ခံယူချက်မပြောင်းဘူး။ အခု ဒီလိုမျိုး ပြောလာတဲ့အပေါ်မှာလည်း ဘာမှ မှတ်ချက်မပေးလိုဘူး” ဟု ပြောသည်။

    ပါတီ၏ ပစ္စည်းစာရင်း၊ ပါတီဝင်နှင့် ငွေစာရင်းများအား UEC အနေဖြင့် လိုအပ်ပါက မိမိတို့ရုံးတွင် လာရောက်စစ်ဆေးနိုင်ပြီး ညွှန်ကြားသည့်နေရာသို့ သွားရောက်အစစ်ဆေးမခံနိုင်ကြောင်း ယခင်က ပြောကြားထားသည်။

    ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အစစ်ဆေးခံရန် ပျက်ကွက်နေသော SNLDနှင့် NLD ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က စာထပ်ပို့ပြီး မတ်လ ၉ ရက်နေ့ နောက်ဆုံးထား အစစ်ဆေးခံရန် လုပ်ဆောင်ခဲ့သော်လည်း လာရောက်အစစ်ဆေးမခံကြောင်း ဦးခင်မောင်ဦးကဆက်ပြောသည်။

    စုံညီအစည်းအဝေးကို UEC အဖွဲ့ဝင်များ စုံညီစွာဖြင့် ကျင်းပရန်ရှိနေပြီး အဆိုပါစုံညီအစည်းအဝေးတွင် အစစ်ဆေးမခံသော နိုင်ငံရေးပါတီများကို အရေးယူနိုင်ရေး ကိစ္စကို  ဆွေးနွေးမည်ဖြစ်သည်။

    လက်ရှိတွင် အဖွဲ့ဝင်အချို့ ခရီးစဉ်များရှိနေပါ၍ တပ်မတော်နေ့ နောက်ပိုင်းကာလများမှ စုံညီအစည်းအဝေးပြုလုပ်နိုင်မည်ဟု သိရသည်။

    နစက​ကောင်စီက ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန်စီစဥ်နေပြီး မလုပ်နိုင်သည့် ဒေသများတွင်မလုပ်ဘဲ လုပ်နိုင်သည့်ဒေသတွင်လုပ်မည်ဖြစ်ကြောင်း ယနေ့ မတ်လ ၂၄ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

    UEC အဖွဲ့ဝင် ဦးခင်မောင်ဦး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks