spot_img
Thursday, December 19, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ညီညွတ်ရေးပါတီ MUP ပထမအကြိမ် ဗဟိုညီလာခံကျင်းပပြီးစီး၊ ပြည်နယ်ဝန်ကြီးဟောင်း နိုင်မြင့်ဆွေ(ခေါ်) နိုင်လဝီအောင် ပါတီဥက္ကဌဖြစ်လာ

    မွန်ညီညွတ်ရေးပါတီ MUP ပထမအကြိမ် ဗဟိုညီလာခံကျင်းပပြီးစီး၊ ပြည်နယ်ဝန်ကြီးဟောင်း နိုင်မြင့်ဆွေ(ခေါ်) နိုင်လဝီအောင် ပါတီဥက္ကဌဖြစ်လာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ် ၂၀)

    ၃ ရက်ကြာ ကျင်းပခဲ့သည့် မွန်ညီညွတ်ရေးပါတီ MUP ပထမအကြိမ်ညီလာခံတွင် ဥက္ကဌအဖြစ် မွန်ပြည်နယ်ဝန်ကြီးဟောင်း နိုင်မြင့်ဆွေ(ခေါ်) နိုင်လဝီအောင်၊ ဒုဥက္ကဌ(၁) နိုင်တလညီနှင့် ဒုဥက္ကဌ(၂) နိုင်ချမ်းတွဲ့တို့အား ဗဟိုအလုပ်အမှုဆောင်ဝင် ၂၇ ဦးတို့ကို ယနေ့ညနေပိုင်းတွင် ရွေးချယ်အတည်ပြုလိုက်သည်။

    ဥက္ကဌ နိုင်လဝီအောင် မိန့်ခွန်းပြောကြားစဥ် (MNA)

    ထို့အတူ MUP ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် နိုင်စံတင်၊ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယီတမနှင့် တွဲဖက်အတွင်းရေးမှူး(၂) မိစန္ဒာနွန်တို့ ရွေးချယ်ခံခဲ့ရသည်။  

    MUP ပထမအကြိမ်ညီလာခံက ဗဟိုကော်မတီဝင် ၈၁ ဦးနှင့် အရန် ၇ ဦးတို့ကို ရွေးချယ်အတည်ပြု၍ ညီလာခံကိုယ်စားလှယ်များရှေ့မှောက်တွင် ကတိသစ္စာအဓိဌာန်ခံယူခဲ့ခြင်း၊ ဗဟိုအလုပ်အမှုဆောင်ဝင် ၂၇ ဦးတို့ကို ဗဟိုကော်မတီများက ထပ်မံရွေးချယ်အတည်ပြုခြင်း၊  ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပါတီ၏ ဥက္ကဌနှင့် အတွင်းရေးမှူးအသီးသီးတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

    ၃ ရက်ကြာကျင်းပခဲ့သည့် MUP ဗဟိုညီလာခံတွင် ပါတီတည်ဆောက်ရေးနှင့် ပါတီမူဝါဒရေးရာများ ပြန်လည်သုံးသပ်ခြင်း၊ ပါတီဗဟိုကော်မတီ၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဥက္ကဋ္ဌနှင့် အတွင်းအရေးမှူးအဖွဲ့အသစ်များကို ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    ယခုအသစ်တဖန်ရွေးချယ်လိုက်သည့် ဥက္ကဌ နိုင်မြင့်ဆွေ(ခေါ်) နိုင်လဝီအောင်သည် မွန်ပြည်သစ်ပါတီတွင် စစ်ထောက်ချုပ် ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဒုဥက္ကဌ(၁) နိုင်တလညီနှင့် ဒုဥက္ကဌ(၂) နိုင်ချမ်းတွဲ့တို့သည် မွန်ပြည်သစ်ပါတီ NMSP ဗဟိုအလုပ်အမှုဆောင်ဟောင်းများဖြစ်ကြောင်း သိရသည်။

    မွန်ညီညွတ်ရေးပါတီ (MUP) ၏ ပထမဆုံးအကြိမ် ပါတီဗဟိုညီလာခံကို မော်လမြိုင်မြို့ ရာမညဟိုတယ်၌ မတ်လ ၁၈ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ကြောင်း တွေ့ရှိရသည်။

    MUP ဗဟိုကော်မတီဝင်များ ကတိသစ္စာပြုကြစဥ် (MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,300SubscribersSubscribe
    spot_img

    Latest posts