Homeငြိမ်းချမ်းရေးကျိုက်မရော ချောင်းနှစ်ခွတံတားတွင် ပစ်ခတ်မှုဖြစ်ပြီး တံတား ယာယီပိတ်ထား

ကျိုက်မရော ချောင်းနှစ်ခွတံတားတွင် ပစ်ခတ်မှုဖြစ်ပြီး တံတား ယာယီပိတ်ထား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂၊ မတ်လ ၁၉)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားဂိတ်စခန်းတွင် ယနေ့ (မတ်လ ၁၉ရက်) နံနက် ၆ နာရီခန့်က ပစ်ခတ်မှုအချို့ရှိခဲ့ပြီး တံတားကို ယာယီဖြတ်သန်းခွင့်ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီး – မုဒုံကားလမ်းပိုင်း ချောင်းနှစ်ခွတံတားတွင် ပစ်ခတ်မှုကြောင့် တံတားကို ယာယီပိတ်ထားကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် အဆိုပါဂိတ်တွင် တာဝန်ကျနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ချောင်းနှစ်ခွတံတားမှာ မနက်ကပစ်ခတ်မှု ဖြစ်တယ်။ ရဲတစ်ယောက် သေတယ်။ နောက်ထပ် နှစ်ယောက်လည်း ဒဏ်ရာရတယ်။ တံတားကိုဖြတ်မယ့်လူတွေ အကုန်လှည့်ပြန်ခိုင်းတယ်။ မဖြတ်ရဘူး”ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီး နံနက် ၈ နာရီခန့်တွင် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွနှင့် တောင်ကလေးကြားရှိ လက်ပူကုန်းတွင်လည်း ပစ်ခန်မှုအချို့ ရှိခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)  ဒူးပလာယာခရိုင် KNLA တပ်မဟာ ၆ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုမပြုဘဲ ဆုတ်ခွာရန် တပ်မတော်ကို KNU က အကြောင်းကြားစာထုတ်ပြီးနောက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနှင့်အနီးနားတွင် တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားလျက် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts