spot_img
Wednesday, January 28, 2026
More
    spot_img
    HomeCovid 19တက္ကသိုလ်ဝင်စာမေးပွဲများ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပသွားမည်ဟုဆို

    တက္ကသိုလ်ဝင်စာမေးပွဲများ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပသွားမည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၂၈)

    မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်မှ ကျောင်းသား/ ကျောင်းသူ တစ်သောင်းကျော် ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

    “ကျွန်မတို့ ဒီနှစ်ကတော့ အတွင်းရော အပြင်ဖြေရော တစ်သောင်းကျော်ရှိတယ်။ ကိုဗစ်ကလည်း ပြန်ဖြစ်နေတော့ ကျန်းမာရေးမှူးတွေနဲ့ တိုင်ပင်ပြီး ကိုဗစ်စည်းကမ်းတွေနဲ့ အညီပြုလုပ်သွားပါမယ်။ နောက်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို တခြားအန္တရာယ်တွေကနေ ကာကွယ်ဖို့လည်း စဥ်းစားနေရတယ်”ဟု ၎င်းက ပြောသည်။

    တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် ကျောင်းတွင်းမှ ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ ၉၂၁၉ ဦးနှင့် ပြင်ပမှ ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ ၂၆၉၇ဦး စုစုပေါင်း ၁၁၉၁၆ဦး ဖြေဆိုမည် ဖြစ်သည်။

    မွန်ပြည်နယ်ရှိ ကျောင်းများတွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်နေသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ကျင်းပရန် စီစဥ်နေခြင်း ဖြစ်သည်။

    အစင်ကျေးရွာတွင် ကျောင်းသား/ ကျောင်းသူ ၁၆၀ ကျော် ကိုဗစ် ၁၉ကူးစက်ခံထားရပြီး မွန်ပြည်နယ်တွင် နေ့စဥ် ကိုဗစ်အတည်ပြုလူနာ ၂၀၀နီးပါး တွေ့ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    Caption: ကိုဗစ်ကာလ မတိုင်ခင်က  စာမေးပွဲ ဖြေဆိုပြီး ကျောင်းသူ၊ သားများ  (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks