Homeသတင်းမွန်ပြည်နယ်တွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၂၀၀ နီးပါးရှိလာ

မွန်ပြည်နယ်တွင် တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၂၀၀ နီးပါးရှိလာ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၂၃)

မွန်ပြည်နယ်တွင် နေ့စဥ်ကိုဗစ်ကူးစက်ခံရမှု မြင့်တက်လာပြီး ဖေဖော်ဝါရီလ ၂၂ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ လူနာသစ် ၂၀၀ နီးပါးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပေါင်မြို့နယ် အလှပ်ကျေးရွာမှ အထက်တန်းကျောင်းရှိ ဆရာ/ဆရာမ သုံးဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ရာမှ ဆက်စပ်သူများတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း ပေါင်မြို့နယ်ရှိ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

“အရသာပျောက်လို့ လာပြရင်းပိုးတွေ့တယ်။ အဲဒီကနေ  အိမ်မှာပဲသီးသန့်နေခိုင်းပြီး ဆရာမ တစ်ယောက်ကတော့ ရောဂါအခံရှိနေလို့ ဆေးရုံမှာပဲ နေခိုင်းထားပါတယ်”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာသစ် ၁၉၇ ဦးတွေ့ရှိခဲ့ပြီး ကျိုက်မရောမြို့နယ်တွင် တွေ့ရှိမှုအများဆုံးဖြစ်ပြီး ယခင်က တစ်ရက်လျင် ပိုးတွေ့လူနာသစ် တစ်ယောက်ခန့်သာရှိသည့်  ပေါင်မြို့နယ်တွင်လည်း ပိုးတွေ့လူနာသစ် ၁၈ ဦးအထိ တိုးလာကြောင်း သိရသည်။

“သတိရှိကြပါ၊ ယနေ့ မော်လမြိုင်ဆေးရုံကြီးမှာ ကိုဗစ်လူနာ ၄ ဦး သေဆုံး၊ သေဆုံးမှုနှုန်းမြင့်တက်လာပြီ” ဟု မော်လမြိုင် လူမူကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဘိုဘိုဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။  

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရော၌ ၄၈ ဦး၊ မုဒုံတွင် ၃၇ ဦး၊ ချောင်းဆုံတွင် ၃၀ ဦး၊ ဘီးလင်းတွင် ၂၅ ဦး၊ ပေါင်တွင် ၂၃ ဦး၊ မော်လမြိုင်တွင် ၁၉ ဦး၊ သံဖြူဇရပ်တွင် ၉ ဦး၊ ရေးတွင် ၃ ဦး၊ ကျိုက်ထိုတွင် ၂ ဦးနှင့် သထုံတွင် ၁ ဦးစီ အသီးသီး ကိုဗစ် ၁၉လူ နာသစ်များတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၆ ဦးအထိရှိလာပြီး မော်လမြိုင်တွင်အများဆုံးဖြစ်သည်။

နစကကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၂ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၃၅၆၃) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၁၀.၇၇) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts