Homeသတင်းမော်လမြိုင်ကိုဗစ်ကုသဆောင်မှ သက်ကြီးပိုင်းကိုဗစ်လူနာ ၃ ဦးသေဆုံး

မော်လမြိုင်ကိုဗစ်ကုသဆောင်မှ သက်ကြီးပိုင်းကိုဗစ်လူနာ ၃ ဦးသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂၊ ဖေဖော်ဝါရီ ၂၂)

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီး ကိုဗစ်ကုသဆောင် (၁)မှ အသက်ကြီးပိုင်း ကိုဗစ်လူနာ (၃) ဦး ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါပိုးတွေ့လူနာများသည် ရောဂါအခံရှိသူများဖြစ်ပြီး နေ့စဥ် အောက်ဆီဂျင် ရှူနေရသူများဖြစ်ကြောင်း ကိုဗစ်ကိစ္စများ လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးကဆိုသည်။

“တစ်ဦးက ဘားအံက၊ တစ်ဦးက မော်လမြိုင်တောင်ပိုင်းနဲ့ နောက်တစ်ယောက်ပေါ့နော်။ ကိုဗစ်ပိုးတွေ့လို့ တက်ရောက်ကုသနေရင်း သေဆုံးတာပါ။ အဆုတ်မကောင်းတဲ့ သူတစ်ယောက်ပါတယ်။ ကိုဗစ်မတွေ့ခင်ကတည်းက ကျွန်တော်တို့ဆီ အောက်ဆီဂျင်ယူပြီး ရှူနေရတဲ့သူပါတယ်။ မော်လမြိုင်တောင်ပိုင်းကတစ်ယောက်ကတော့ ဆေးရုံတက်တာ ရက်ပိုင်းပဲရှိသေးတယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာများ တစ်နေ့ထက် တစ်နေ့ပိုမိုတိုးများလာပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ကိုဗစ်အတည်ပြုလူနာ ၁၁၉ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၄ ဦး အထိရှိလာပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိသေးကြောင်း လူမှုကူညီရေးအသင်းမှ သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကိုဗစ်ကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းများကို နေ့ချင်းသဂြိုလ်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

နစကကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၂၈၉၇) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၁၀.၁၇) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts