Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဘီးလင်းတွင် NLD အမတ်ဟောင်း နေအိမ် ချိတ်ပိတ်ခံရ

    ဘီးလင်းတွင် NLD အမတ်ဟောင်း နေအိမ် ချိတ်ပိတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၂၊ ဖေဖော်ဝါရီ ၁၉)

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်သီရိရတနာ၏ နေအိမ်ကို သက်ဆိုင်ရာက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ဒေါ်သီရိရတနာ၏ နေအိမ်ကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟု ဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲနှင့် လုံခြုံရေးအဖွဲ့ဝင်တချို့က လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဒေါ်သီရိရတနာနှင့် နီးစပ်သူတစ်ဦးက ” မနေ့က သူ့အိမ်ရှေ့မှာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်လို့ဆိုပြီး အုပ်ကြီးနဲ့ရဲတွေက ချိတ်လာပိတ်သွားတယ်။ ဒေါ်သီရိရတနာက အိမ်မှာမရှိတာ တော်တော်ကြာပြီ။ အိမ်ထဲကပစ္စည်းတွေယူဆောင်သွားတာမျိုးတော့မရှိဘူး။ဒီအတိုင်း အိမ်ကိုချိတ်ပိတ်ပြီး ပြန်သွားတယ်” ဟု ၎င်းက ပြောသည်။

    ဒေါ်သီရိရတနာသည် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းခံခဲ့ရသေးသည်။

    ဖေဖော်ရီလအတွင်းမှာပဲ ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု သတင်းများပင် ထွက်ပေါ်ခဲ့သေးသည်။

    ဒေါ်သီရိရတနာသည် မွန်ပြည်နယ်တွင် အိမ်ချိတ်ပိတ်ခံရသော ဒုတိယမြောက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟု ဆိုကာ ချိတ်ပိတ်ခံခဲ့ရသည်။

    Caption:ကိုယ်စားလှယ်ဟောင်း၏ နေအိမ်ကို သက်ဆိုင်ရာက ချိတ်ပိတ်ခဲ့နေပုံ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks