Homeသတင်းစက်သုံးဆီဈေး မြင့်တက်လာခြင်းကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ရပ်တည်ရန်ခက်ခဲ

စက်သုံးဆီဈေး မြင့်တက်လာခြင်းကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ရပ်တည်ရန်ခက်ခဲ

-

မွန်သတင်းအေဂျင်စီ၊ ၂၀၂၂ ဖေဖော်ဝါရီ ၁၃

စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေသောကြောင့် မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေး အဖွဲ့များ ရပ်တည်ရန်  အခက်အခဲရှိနေကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး အလှူရှင် နည်းပါးလာမှုကြောင့် လူမှုကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲရှိနေကြောင်း မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရင်ကဆို အလှူရှင် လှူတာနဲ့ ကျွန်တော်တို့ အေးဆေး ခေါက်တုံခေါက်ပြန် အသွားအလာလုပ်ပြီး ကူညီလို့ရတယ်။ အခုက ဆီဈေးတွေလည်း ဆက်တိုက်တက်နေတာ နယ်ဝေးတွေဆို ကူညီဖို့ ပိုအခက်အခဲဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ စက်သုံးစီဈေးနှုန်းကြောင့် ရပ်ဝေးသို့ ပို့ဆောင်ကူညီရမည့် လမ်းကြောင်းတစ်ချို့ကို ရပ်နားထားရမည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောသည်။

အလားတူ သထုံမြို့နယ်မှ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ကိုဗစ်ပျောက်ကင်းပြီး  ပြန်လည်ပို့ဆောင်ရမည့် လူနာများ၊ ဆေးရုံဆင်းရမည့် လူနာများကို ပြန်လည် ပို့ဆောင်ရန် အတွက်လည်း အဆင်မပြေဖြစ်နေကြောင်း ပြောသည်။

“ကျွန်တော်တို့အတွက် အခက်အခဲတွေကတော့ အများကြီးပဲ။ နယ်ဝေးလမ်းကြောင်းတွေကို ပို့ရတာ ပိုလိုတောင် အဆင်မပြေ ဖြစ်ရတယ်။ တနေ့နဲ့ တနေ့ ဆီဈေးက တက်လာတယ်။ ဆီဖိုးမတက်နိုင်လို့ ကြာရင် ရပ်ရတော့မယ့်အနေအထားပဲ”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် အောက်တိန်း ၉၅ တစ်လီတာ ၁၈၂၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၇၁၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၇၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၇၇၀ ကျပ်ထိ  ဈေးတက်လာခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် အောက်တိန်း ၉၅ တစ်လီတာ ၁၈၅၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၇၄၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၇၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၇၇၀ကျပ် ဈေးရှိခဲ့ကြောင်း သိရသည်။

စက်သုံးဆီဈေး မြင့်တက်လာခြင်းကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ရပ်တည်ရန်ခက်ခဲမွန်သတင်းအေဂျင်စီ၊ ၂၀၂၂ ဖေဖော်ဝါရီ ၁၃စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေသောကြောင့် မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေး အဖွဲ့များ ရပ်တည်ရန်  အခက်အခဲရှိနေကြောင်း သိရသည်။စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး အလှူရှင် နည်းပါးလာမှုကြောင့် လူမှုကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲရှိနေကြောင်း မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Caption: လူမှုကူညီရေးအဖွဲ့တစ်ခု ကိုဗစ်လူနာများကို Quarantine Center သို့ ပို့ဆောင်နေစဉ် (Photo:ကမာမိုလူမှုကယ်ဆယ်ရေးအဖွဲ့)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts