spot_img
Monday, May 20, 2024
More
    spot_img
    Homeငြိမ်းချမ်းရေး“ရှေ့လာမယ့်နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အခင်းအကျင်းသစ် ဖြစ်သွားပါပြီ” NMSP နိုင်ဗညားလယ်

    “ရှေ့လာမယ့်နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အခင်းအကျင်းသစ် ဖြစ်သွားပါပြီ” NMSP နိုင်ဗညားလယ်

    -

    မွန်သတင်းအေဂျင်စီ (၁၁ ဖေ ၂၂)

    လက်ရှိနိုင်ငံရေးအနေအထားအပေါ် မွန်ပြည်သစ်ပါတီ NMSP ၏သဘောထားများကို သိရှိနိုင်ဖို့ မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်အား မွန်သတင်းအေဂျင်စီက ယနေ့နံနက်တွင် မော်လမြိုင် NMSP ရုံး၌  မွန်ဘာသာဖြင့် တွေ့ဆုံမေးမြန်းခဲ့ပြီး မြန်မာဘာသာသို့ အနီးစပ်ဆုံး ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။


    မေး- နေပြည်တော်မှာ မနက်ဖန်ကျင်းပမယ့် ပြည်ထောင်စုအခမ်းအနား မွန်ပြည်သစ်ပါတီအနေနဲ့ တက်ဖြစ်မဖြစ် သိလိုပါတယ်။

    ဖြေ- စစ်အစိုးရကျင်းပတဲ့ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ကြားခဲ့တဲ့နေရာမှာ ကျနော်တို့ပါတီကလည်း ဖိတ်စာရခဲ့ပါတယ်၊ အခုလိုဘိတ်ကြားလာတဲ့အပေါ်မှာ ကျနော်တို့မြင်တာက ပြည်ထောင်စုနေ့ကို ဘယ်သူတွေက ဦးစီးကျင်းပတယ်ဆိုတာကို ကျနော်တို့ထည့်သွင်းစဥ်းစားနေတာမဟုတ်ပဲ အစဥ်အလာတစ်ခုအရ တက်သင့်တဲ့အခမ်းအနားတစ်ခုလို့ ရှုမြင်ပြီးတော့ ပြည်တွင်းက ဆက်ဆံရေးရုံးအရာရှိ ၂ ယောက်ကို အခမ်းအနားသွားရောက်တက်ရောက်ဖို့ ရွေးချယ်တာဝန်ပေး စေလွှတ်လိုက်ပြီဖြစ်ပါတယ်။

    မေး- ၊ ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲကိုရော တက်ဖြစ်မှာလား။

    ဖြေ-“အဲဒီပြည်ထောင်စုနေ့အခမ်းအနားနဲ့ တဆက်ထဲမှာ စစ်ကောင်စီကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ NCA ထိုးပြီးတာရော မထိုးသေးတာရော တက်ရောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကျင်းပနိုင်ဖို့ ဘိတ်ကြားထားတာရှိတယ်၊ ဆွေးနွေးတဲ့အခါမှာလည်း မည်သည့်ချွင်းချက်မှမထားဘဲ ဆွေးနွေးနိုင်ဖို့၊ အရင် ပြီးခဲ့တဲ့ကာလတွေမှာ NCA ထိုးထားတဲ့အဖွဲ့တွေကိုပဲ နိုင်ငံရေးဆွေးနွေးခွင့်ရှိပြီး ဆွေးနွေးတဲ့အခါမှာလည်း ဘယ်အချက် ဘယ်အချက်တွေကိုပဲ ဆွေးနွေးပါလို့ ကြိုတင်သတ်မှတ်ချက်တွေ ရှိခဲ့တာပါ၊ အခုအခါမှာတော့ နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ NCA ထိုးပြီးအဖွဲ့ရော မထိုးသေးတာရော အားလုံးကိုဘိတ်ခေါ်ထားသလို ဆွေးနွေးတဲ့အခါမှာလည်း ချွင်းချက်မထားဘူးဆိုတော့ အရင်ထက်စာရင် နည်နည်းကောင်းလာတာလို့ ဆိုရမှာပေါ့နော် ဒါပေမယ့် ကျနော်တို့ပါတီဆုံးဖြတ်ချက်နဲ့ PPST ချမှတ်ထားချက်တွေအရ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ရပ်ထားမယ် ကျနော်တို့ပါတီ ဗဟိုကော်မတီကလည်း အခုလိုပဲဆုံးဖြတ်ထားတယ်၊ ဒါကြောင့် အခုပြည်ထောင်စုနေ့ သွားရောက်တက်ရောက်မယ့်သူတွေဟာ ပြည်ထောင်စုနေ့ကို သွားရောက်တက်ရောက်တာလောက်ပဲဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲ တက်ရောက်ဖို့ကို ကျနော်တို့ပါတီ ခွင့်ပြုမထားဘူး”

    မေး- လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကျပ်အတည်းတွေနဲ့ အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲအခင်းအကျင်း ဘယ်လိုဖြစ်ပေါ်လာနိုင်မလဲ။

    ဖြေ-“လက်ရှိဒီကနေ့မှာ ဖြစ်ပေါ်နေတဲ့နိုင်ငံရေးပြဿနာတွေဟာ နောက်ဆုံးတစ်နေ့မှာ တွေ့ဆုံဆွေးနွေးရေးနဲ့ပဲ ပြေလည်ရလိမ့်မယ်လို့ ကျနော်တို့ပါတီ လက်ခံထားတယ်၊ ဒါပေမယ့် ရှေ့လာမယ့်နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အခင်းအကျင်းအသစ်တစ်ခု ဖြစ်သွားပါပြီ အရင်က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပဲ ဆွေးနွေးညှိနှိုင်းသွားနိုင်ရင် ငြိမ်းချမ်းသွားနိုင်တယ်၊ အခုဆိုရင် Stakeholder သစ်တွေပေါ်လာပြီ NUG တို့ ဒေသအသီးသီးက PDF တွေပေါ်လာပြီ ဒီလိုပေါ်ပေါက်လာတဲ့အနေအထားမှာ စစ်ကောင်စီလို့ပဲပြောပြော အာဏာရယူထားတဲ့အစိုးရလို့ပဲဆိုဆို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ချည်းပဲ ဆွေးနွေးသွားရင် အရင်ကလို ပြေလည်မှုရနိုင်တော့မှာ မဟုတ်ပါဘူး၊ နိင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းတွေကလည်း အရင်လိုနည်းလမ်းဟောင်းတွေနဲ့ သွားလို့မဖြစ်နိုင်တော့ပါဘူး၊ ပုံစံအသစ်ဖြစ်သွားပါပြီ အခုလိုပုံစံ အခင်းအကျင်းသစ်မှာက သက်ဆိုင်သူအားလုံး ပါဝင်ပြီးဆွေးနွေးမှလည်း ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေ အားလုံးပြေလည်နိုင်ပါလိမ့်မယ်၊ ဟိုအဖွဲ့မပါရ ဒီအဖွဲ့ကိုချန်ထားလိုက်မယ်ဆိုနေရင်တော့ ကျနော်တို့နိုင်ငံရဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဘယ်တော့မှလည်းရနိုင်လိမ့်မယ်မဟုတ်ဘူးလို့ မြင်မိတယ်”

    (ပြီး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,900SubscribersSubscribe
    spot_img

    Latest posts