Homeသတင်းပရဟိတဆရာဝန် ဒေါက်တာချမ်းမြေ့အောင်ကို ထောင်ဒဏ် တစ်နှစ် အမိန့်ချ

ပရဟိတဆရာဝန် ဒေါက်တာချမ်းမြေ့အောင်ကို ထောင်ဒဏ် တစ်နှစ် အမိန့်ချ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၀)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ပရဟိတ ဆရာဝန် ဒေါက်တာချမ်းမြေ့အောင်ကို ဖေဖော်ဝါရီ ၉ ရက်က ထောင်ဒဏ် တစ်နှစ် အမိန့်ချလိုက်ကြောင်း သိရသည်။

ဒေါက်တာချမ်းမြေ့အောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ငွေတိုက်စာချုပ် ဝယ်ယူခဲ့သည့်ဆိုသော စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က မော်လမြိုင် ငွေမိုးဆေးရုံတွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အထောက်အထား မတွေ့ရသည့်အတွက် လူမှုကွန်ရက်စာမျက်နှာတွင် နစက ကောင်စီကို ဝေဖန်သော စာသားများကို ပြန်လည် ဝေမျှသည်ဟုသော စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှုဖွင့်ပြီးနောက် ဒီဇင်ဘာ ၂၃ ရက်တွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဒေါက်တာချမ်းမြေ့အောင်သည် ကိုဗစ်ကာလအတွင်း မော်လမြိုင်မြို့နယ်သာမက မြို့နယ်အသီးသီးသို့ သွားရောက်ကာ ဆေးကုသမှုပေးခဲ့သူ ဖြစ်သလို မော်လမြိုင်မြို့ သာသနာနွယ်ဖောင်ဒေးရှင်း ဇီဝိတဒါန ဆေးခန်းတွင် အခမဲ့ ဆေးကုသမှု ပေးနေသူ ဖြစ်သည်။

စစ်ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာချမ်းမြေ့အောင်သည် ပြီးခဲ့သည့် ၃ နှစ်ကျော်က တပ်မတော်မှ နုတ်ထွက်ခဲ့သူတစ်ဦး ဖြစ်ပြီး၊  လက်ရှိတွင် ပရဟိတဆရာဝန် တစ်ဦးအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Caption: ပရဟိတ ဆရာဝန်  ဆေးကုသနေပုံ (Photo: Ashin Sanda Zawti; FB)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts