Homeသတင်းမွန်တွင် စက်သုံးဆီ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာ

မွန်တွင် စက်သုံးဆီ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၀)

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဈေးနှုန်းများ  ဆက်တိုက်မြင့်တက်လာပြီး အောက်တိန်း ၉၅ တစ်လီတာ ၁၈၂၀ ကျပ်အထိ ဈေးမြင့်တက်လာကြောင်း သိရသည်။

ဆီဈေးများ တစ်ရက်နှင့် တစ်ရက် ဆက်တိုက်မြင့်တက်လာသောကြောင့် အငှားယာဉ်မောင်းနှင်သူများအတွက် အခက်အခဲဖြစ်လာကြောင်း မော်လမြိုင်မှ သုံးဘီဆိုင်ကယ် မောင်းနှင်သူ တစ်ဦးက ပြောသည်။

“အရင်ကဆို နေ့တစ်ပိုင်းလောက် ပြေးပြီးရင် တွက်ခြေကိုက်တယ်။ ရပြီ အိမ်မှာပြန်နားလို့ရပြီ။ အခုက မရတော့ဘူး ဒီနေ့ ၂၀၀၀၀ ရရင် ဆီဖိုးက ၁၀၀၀၀လောက် ကုန်နေတယ်။ ဆီဖိုးဖယ်ပြီးရင် ဘာမှ မကျန်တော့ဘူး”ဟု ၎င်းက ပြောသည်။

ယခုလ ဖေဖော်ဝါရီ ၄ ရက်တွင် အောက်တိန်း ၉၅ တစ်လီတာ ၁၇၇၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၆၆၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၆၉၅ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၇၀၀ကျပ် ပေါက်ဈေး ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် အောက်တိန်း ၉၅ တစ်လီတာ ၁၈၂၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၇၁၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၇၅၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၇၇၀ကျပ်ထိ  ဈေးဆက်လက်မြင့်တက်လာခဲ့သည်။

မော်လမြိုင်မှ လုပ်ငန်းရှင်တစ်ဦးက “ဆီဈေးတွေကြောင့် လည်ပတ်နေတဲ့ လုပ်ငန်းတချို့ကို ခဏ ရပ်လိုက်ရတာရှိတယ်။ ပြီးရင် ပြန်လည်လိုက် အဲလိုလုပ်နေရတယ်။ အရင်လို ပုံမှန်အတိုင်း ဆက်တိုက်လုပ်ဖို့ မလွယ်တော့ဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အောက်တိန်း ၉၅ တစ်လီတာ ၁၅၂၅  ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၄၂၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၄၁၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၅၃၀ကျပ်ထိသာ ဈေးနှုန်းရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီအထိ ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts