Homeငြိမ်းချမ်းရေးဘီးလင်းနှင့် သထုံကြား လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကားများရာချီ ပိတ်မိနေ

ဘီးလင်းနှင့် သထုံကြား လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကားများရာချီ ပိတ်မိနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၃)

ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ် ကြားတွင် ယနေ့ (ဖေဖေါ်ဝါရီလ ၃ ရက်) နေ့လည် ၂ နာရီအချိန်တွင် လက်နက်ကြီးနှင့် သေနတ်သံများကြောင့် ကားရာချီ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မတော်မှ လက်နက်ကြီးများ ပစ်ခတ်နေပြီး တစ်ဖက်အဖွဲ့အစည်းကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်ဘက်က လက်နက်ကြီးတွေ သုံးပြီးပစ်နေတာ။ သေနတ်သံတွေလည်း တော်တော်ကို ရှင်းရှင်းလင်းလင်းကြားနေရတယ်။ ဒါပေမဲ့ တစ်ဘက်က ဘယ်သူတွေလဲဆိုတာတော့ မသိရသေးဘူး။ လက်နက်ကြီးတချို့လည်း ရွာထဲကျတယ် “ဟု ဘီးလင်းဒေသခံတစ်ဦးကဆိုသည်။

အဆိုပါတိုက်ပွဲကြောင့် ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်မှ ခရီးသွားကားများ၊ ဘီးလင်းအထွက် ကားဂိတ်မှ ခရီးသွားကားများ ဘီးလင်းအထွက် အဝေးပြေးလမ်းမတွင် ပိတ်မိလျက်ရှိသည်။

လက်နက်ကြီး‌များကို ဘီးလင်းအခြေစိုက် ဇီးဝန်ကျေးရွာအနီးရှိ အမှတ် (၃၁၄) အမြှောက်တပ်နှင့် ပိန္နဲတောအခြေစိုက် တပ်စခန်းမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts