spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းငွေစျေးတက်၍ ရော်ဘာအစေးရည် စျေးတက်ဟုဆို

    ငွေစျေးတက်၍ ရော်ဘာအစေးရည် စျေးတက်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၂၊ ဇန်နဝါရီ ၁၈)

    နိုင်ငံခြားဝင်ငွေလဲလှယ်နှုန်း ပြန်လည်မြင့်တက်လာသောကြောင့် ရာဘာအစေးရည်စျေးသည် တစ်ပေါင်လျင် ကျပ် ၁၀၂၀မှ ၁၅၀၀ ကျပ်အထိ ပေါက်စျေးမြင့်တက်လာကြောင်း ရာဘာအစေးရည် ဝယ်ယူသူများက ဆိုသည်။

    ရာဘာအစေးရေစျေးသည် ရာဘာရာသီကုန်သည့် မတ်လတိုင်းတွင် စျေးတက်လေ့ရှိသော်လည်း ယခင်နှစ်များထက် စျေးပိုရကြောင်း ရာဘာခြံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအောင်ရွှေက ဆိုသည်။

    “ ရာဘာရာသီကုန်ပြီဆိုရင်စျေးကတော့ တက်တာပဲ။ အရင်နှစ်က စျေးထက်ပိုတက်တယ်။ ဒိုင်တွေကလည်း တစ်ထောင်ကျော်ပေးပြီးဝယ်နေတာ။ငွေစျေးတက်လို့ စျေးပိုရတယ်လို့တော့ သူတို့ကပြောတယ်။
    ဘယ်လောက်စျေးကောင်းကောင်း ထိုင်းကစျေးနဲ့ယှဥ်ရင်တော့အမြဲ နှစ်ရာ သုံးရာက ကွာတုန်းပါပဲ”ဟု ဦးအောင်ရွှေကဆိုသည်။

    ဇန်နဝါရီလ ၁၈ရက်နေ့ပေါက်စျေးများအရ ထိုင်းနိုင်ငံတွင် ရော်ဘာအစေးရည် တစ်ပေါင်လျှင် တစ်ထောင်နှစ်ရာ ကျော်အထိ ပေါက်စျေးရှိသည်။၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းတွင် ရာဘာစျေးအရည်သည် တစ်ပေါင်လျှင် ကျပ် ၉၀၀ ဝန်းကျင်သာရှိသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့ ဗဟိုဘဏ်၏အချက်အလက်များအရ အမေရိကန်တစ်ဒေါ်လာလျှင် ၁၇၈၆ ကျပ်သာရှိနေသော်လည်း ပြင်ပငွေလဲနယ်ပယ်တွင် ၂၀၀၀ ကျော်အထိ စျေးပေါက်နေပြီ ဖြစ်သည်။

    သို့ရာတွင် ရော်ဘာအစေးရည်စျေနှုန်းမြင့် တက်လာသော်လည်း ရောင်းလိုအားမှာ လျော့နည်းလာကြောင်း၊ လက်ရှိမွန်ပြည်နယ်ရှိ ရော်ဘာခြံများတွင် ရော်ဘာခြစ်လုပ်သားရှားပါးမှုကြောင့် ရောဘာပင်များ ခုတ်လှဲရောင်းချမှုများရှိနေကြောင်း ရော်ဘာစျေးအဝယ်ဒိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks