Homeငြိမ်းချမ်းရေးအပစ်ရပ် (၁၀) ဖွဲ့ကို အသိပေးထုတ်ပြန်ချက်အပေါ် PPST ဆွေးနွေးမည်

အပစ်ရပ် (၁၀) ဖွဲ့ကို အသိပေးထုတ်ပြန်ချက်အပေါ် PPST ဆွေးနွေးမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၅)

NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် (၁၀)ဖွဲ့ကို နစကမှ NCAရဲ့ ကတိကဝတ်များ လိုက်နာရန် ထုတ်ပြန်ချက်‌ပေါ် အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ဆွေ‌နွေးသွားမည်ဟု ယနေ့ (ဇန်နဝါရီ ၅) ရက်တွင် ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထို့ထားသည့် EAOs များ အနေဖြင့် သဘောတူစာချုပ်ပါ အချက်အလက်များကို အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် မိမိလက်အောက်ခံအဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါ စည်းကမ်းချက်များ လိုက်နာစေရေး ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်း နစကမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ တွင် ထုတ်ပြန်ခဲ့သည်။

“လက်ရှိ နိုင်ငံရေးအကျပ်အတည်းနဲ့ အကျိုးဆက်ဖြစ်တဲ့ ချင်းပြည်နယ်၊ ကရင်နီပြည်နယ် ဖရူဆို မိုဆိုဖြစ်စဉ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ဖြစ်စဉ်၊ လေးကေ့ကော် ငြိမ်းချမ်းရေးမြို့သစ် အရေးအခင်းနဲ့ စစ်ကောင်စီရဲ့ ဒီဇင်ဘာ (၃၀) ရက်မှာ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသို့ အသိပေးထုတ်ပြန်ချက်ကိစ္စကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးပြီး သဘောထားချမှတ်သွားရမှာဖြစ်ကြောင်း” PPST ၏ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း အဖွင့်မိန်းခွန်းတွင် ပြောကြားခဲ့သည်။

တပ်မတော်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရိ (၁) ရက်နေ့ အာဏာသိမ်းပြီးနောက် ယနအထိ ဖြစ်ပွားနေသည့် ဖြစ်စဉ်အားလုံးကို ဂဃနဏ သုံးသပ်ပြီး လက်တွေ့ကျသည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားရန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထာသည်။

နစက၏ အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းက “ကျနော်တို့ကတော့ ဒီ NCA ဆိုတာက Join Ownership နှစ်ဖက် (တိုင်းရင်းသားလက်နက်ကိုင်တဖက်၊ အစိုးရ+တပ်မတော်တဖက်) က ပိုင်ဆိုင်တဲ့ စာချုပ်ဖြစ်ပါတယ်။ NCA စာချုပ်ဆိုတာ ဗမာပြည်သမိုင်းမှာ ပြောရမယ်ဆိုရင်တော့ တစ်ယောက်ကို တစ်ယောက်ပေါ့။ တစ်ဖက်နဲ့ တစ်ဖက် လည်ပင်းမညှစ်ပဲနဲ့ အကျပ်ကိုင်တာ ခြိမ်း‌ခြောက်တာ မဟုတ်ဘဲနဲ့ အကြေအလည်ညှိနှိုင်းဆွေးနွေးတဲ့ စာချုပ်ဖြစ်ပါတယ်။ ဗမာပြည်သမိုင်းမှာ နှစ်ခုရှိပါတယ်။ တစ်ခုက လွတ်လပ်ရေးမတိုင်ခင်က ရရှိခဲ့တဲ့ ပင်လုံစာချုပ်ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ လွတ်လပ်ရေးရပြီး နှစ် (၇၀) ကျော်ကြာမှ ရတဲ့ NCA စာချုပ်ဖြစ်ပါတယ်” ဒီဇင်ဘာ ၃၁ ရက်က ပြောကြားထားသည်။

ယနေ့ကျင်းပသည့် PPST ၏ အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းရေးကော်မတီအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပေးရန်ရှိသလို NCA-S-EAO ၏ စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း) ကျင်းပခြင်းကိစ္စကို ညှိနှိုင်းဆွေးနွေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများမှာ ရှမ်းပြည် ပြန် လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက် ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts