Homeသတင်းယာဉ်စစ်စရာမလိုဘဲ ဇွန်လအထိ မော်တော်ယာဉ်သက်တမ်းတိုးနိုင်ပြီဟု ကညနဆို

ယာဉ်စစ်စရာမလိုဘဲ ဇွန်လအထိ မော်တော်ယာဉ်သက်တမ်းတိုးနိုင်ပြီဟု ကညနဆို

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၅)

သက်တမ်းကုန်ဆုံးမည့်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် ဇွန်လကုန်အထိ ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ခရီးသည်တင်ယာဥ်များနှင့် ကုန်တင်ယာဥ်များ ယာဥ်စစ်ဆေးမည့်စာရင်းတွင်ပါဝင်ပြီး ဆိုင်ကယ်နှင့် အိမ်စီးကားများသာ ယာဥ်စစ်ဆေးမှုမှကင်းလွတ်နိုင်ကြောင်း မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်သိင်္ဂီတိုးက ဆိုသည်။

“ကျွန်မတို့ ရုံးရှေ့မှာကြေညာထားပါတယ်။ ဆိုင်ကယ်လိုမျိုးကိုတော့ မစစ်ဘူး။ ၂၅ ယောက်အထက် ယာဉ်များနဲ့ ကုန်တင်ယာဉ်တွေကိုတော့စစ်ရမယ်။အဲဒါကို ဇွန်လကုန်အထိ လုပ်ပေးသွားမှာပါ။”ဟု မွန်ပြည်နယ် ကညနရုံးမှ ပြည်နယ်ဦးစီးမှူးက ဆိုသည်။

ယာဥ်စစ်ဆေးခြင်းဆိုသည်မှာ ပိုင်ဆိုင်ခြင်းဟုတ်မဟုတ်၊ အန္တရာယ်ဖြစ်စေနိုင်သော ဆိုင်ကယ်တွင် ဘရိတ်မိ၊ မမိ စသည်တို့ကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်လှိုင်းများကြောင့်ယာယီပိတ်ထားခဲ့ရသော မွန်ပြည်နယ်ကညန ရုံးသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်ပြီး လိုင်စင်မဲ့မော်တော်ယာဥ်များကို စျေးလျော့ပြီး လိုင်းစင်အသစ်ထုတ်ပေးခဲ့သည်။

လက်ရှိတွင် ယာဉ်သက်တမ်းတိုးလိုသူများအနေဖြင့် အွန်လိုင်းဘွတ်ကင်ရယူရန် မလိုအပ်ဘဲ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများနှင့် ယာဉ်မောင်းလိုင်စင်အသစ် လျှောက်ထားသူများအနေဖြင့် အွန်လိုင်း ဘွတ်ကင်ရယူရန် လိုအပ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts