Friday, March 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတိမ်းရှောင်နေသည့် ပေါင်မြို့နယ် အန်အယ်လ်ဒီပါတီအမတ် ဦးဇော်ဇော်ထူး နေအိမ် ချိပ်ပိတ်ခံရ

    တိမ်းရှောင်နေသည့် ပေါင်မြို့နယ် အန်အယ်လ်ဒီပါတီအမတ် ဦးဇော်ဇော်ထူး နေအိမ် ချိပ်ပိတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ ၂၃)

    တိမ်းရှောင်ထွက်ပြေးနေသည့် ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်​နေ့ မွန်းလွဲပိုင်းအချိန်တွင် လာရောက်ချိပ်ပိတ်သွားကြောင်း ဒေသခံများထံမှသိရသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ၏ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးမှာ လက်ရှိတွင် နေအိမ်မှရှောင်တိမ်းနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စစ်သားအချို့က ၎င်း၏အိမ်ကို လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    ” နေ့လည် ၂ နာရီ မိနစ် ၃၀ မှာ ဆိုင်းပုဒ်လာချိတ်သွားတယ်။ အိမ်ထဲကပစ္စည်းတွေသိမ်းဆည်းတာတွေ ဘာတွေတော့သေချာမသိရသေးဘူး။ ဦးဇော်ဇော်ထူးကလည်း ရှောင်နေတာကြာပြီ” ဟု ၄င်းကဆိုသည်။

    လက်ရှိတွင် ဦးဇော်ဇော်ထူးသည် ပုဒ်မ ၅၀၅(က)နှင့်အမှုဖွင့်ခံထားရပြီး အာဏာသိမ်းစမှစတင်ပြီး တိမ်းရှောင်နေခဲ့သူ ဖြစ်သည်။

    “ဤအဆောက်အဦးနှင့်မြေနေရာသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ၊ ရောင်းချခြင်း ရောင်းဝယ်ခြင်းမပြုလုပ်ရ”ဟု ပေါင်မြို့၊ ပေါင်းရပ်ကွက်ရှိ ဦးဇော်ဇော်ထူး နေအိမ်ရှေ့တွင် ဆိုင်းပုဒ်ချိတ်ဆွဲထားခြင်း ဖြစ်သည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ဥပဒေကိုပြဌာန်း၍ ပုဒ်မ ၅၀၅ ထုတ်ပြန်ခံထားရပြီး တိမ်းရှောင်နေကြသူများကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်မှုရှိသည့်စွပ်စွဲချက်ဖြင့် တနိုင်ငံလုံးအနှံ့တွင်ရှိသော ရွေးကောက်ခံ NLD ကိုယ်စားလှယ်များ၊ NLD ပါတီဝင်နှင့် ထောက်ခံသူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ချပ်ပိတ်သိမ်းယူခဲ့ရာတွင် အိမ် ၄၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ဘီဘီစီသတင်းတရပ်တွင် ဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks