HomeCovid 19စက်သုံးဆီဈေးနှုန်း မြင့်တက်နေသောကြောင့် အဝေးပြေးယာဉ်လိုင်းများ ကားအစီးရေလျှော့ချပြေးဆွဲ

စက်သုံးဆီဈေးနှုန်း မြင့်တက်နေသောကြောင့် အဝေးပြေးယာဉ်လိုင်းများ ကားအစီးရေလျှော့ချပြေးဆွဲ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂၀)

စက်သုံးဆီ ဈေးနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်သောကြောင့် အဝေးပြေးယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲရန် ခက်ခဲနေလာသဖြင့် ကားအစီး‌အရေအတွက် လျော့ချကာ လက်ရှိပြေးဆွဲနေရကြောင်း ရန်ကုန်-မော်လမြိုင်ပြေးဆွဲနေသည့် ယာဉ်လိုင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့ ဈေးနှုန်းများအရ ဒီဇယ် တစ်လီတာ ၁၄၅၀ ကျပ်၊ ပရီမီယမ် တစ်လီတာ ၁၄၈၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၁၅၇၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၁၅၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

“အဓိကက စက်သုံးဆီပေါ့။ စက်သုံးဆီဈေးက မကျဘူး။ မြင့်နေတုန်းပဲ။ အရင်ကဆို မနက်ပိုင်း ၃ စီး ည ၂ စီးထွက်တယ်။ အခုဆို မနက် ၂ စီးပဲ ထွက်တော့တယ်”ဟု ၎င်းက ဆက်ပြောသည်။

ကိုဗစ်ကာလဖြစ်သည့်အတွက် ကားတစ်စီးတွင် ခုံနှစ်ခုံကို ခရီးသည် တစ်ယောက်သာ တင်ခွင့်ရှိသောကြောင့် အခက်အခဲများစွာရှိကြောင်းလည်း ယာဉ်လုပ်သားတစ်ဦးက ပြောသည်။

“အရင်ကဆို ဈေးတက်လည်း ခရီးသည်အပြည့်တင်လို့ရတယ်။ အဲတော့ အဆင်ပြေတယ်လေ။ ဈေးလည်း ကာမိတာပေါ့။ အခုက ၂ ခုံကို တစ်ယောက်ပဲ တင်လို့ရတယ်ဆိုတော့ ဒီဆီဈေးနှုန်းနဲ့က မကာမိဘူးပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိအခြေအနေအတိုင်း ဆက်သွားနေရပါက ငွေကြေးအင်အားနည်းသော ယာဉ်လိုင်းတစ်ချို့ ရပ်နားသွားကြမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်မှ အခြားတိုင်း နှင့် ပြည်နယ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်း ၇၃ လိုင်း ရှိပြီး ရပ်နားသွားခဲ့သော ယာဉ်လိုင်း ၄ လိုင်း ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts