spot_img
Monday, March 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးမြို့နယ် ကျောင်းရွာရဲကင်းနှင့် အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီး ရဲနှင့်ပြည်သူ့စစ်များထိခိုက်ဒဏ်ရာရရှိ

    ရေးမြို့နယ် ကျောင်းရွာရဲကင်းနှင့် အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီး ရဲနှင့်ပြည်သူ့စစ်များထိခိုက်ဒဏ်ရာရရှိ

    -

    မွန်သတင်းအေဂျင်စီ (၈ ဒီဇင်ဘာ ၂၀၂၁)

    ရေးမြို့နယ် ကျောင်းရွာကျေးရွာ ရဲကင်းစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့ကို ယနေ့ညနေပိုင်းအချိန်တွင် အမည်မသိလက်နက်ကိုင်အုပ်စုတစ်စုက လက်ဗစ်ဗုံးနှင့် လက်နက်ငယ်တို့ဖြင့် ဝင်ရောက်ပစ်ခတ်ရာ ရဲတစ်ဦး၊ ပြည်သူ့စစ်နှစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦးတို့အသီးသီး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

    ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က ဆိုင်ကယ် ၅ စီးပေါ်တွင် အင်အား ၁၀ ဦးခန့်ပါရှိသော အမည်မသိလက်နက်ကိုင်အဖွဲ့က ကျောင်းရွာရဲကင်းစခန်းအရှေ့ဖက်မှ လက်ပစ်ဗုံး ၃ လုံးနှင့် လက်နက်ငယ် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ရွာလယ်လမ်းမကြီးအတိုင်း ထွက်ခွာသွားကြောင်း၊ ထိုနောက် ကျောင်းရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လက်နက်ငယ် ၁၀ ချက်ခန့်ပစ်ခတ်ပြီး ရွာ၏မြောက်ဖက်အခြမ်း လိပ်ပုတ်ရွာလမ်းအတိုင်း ထွက်ခွာသွားကြောင်း ရွာခံတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဆိုင်ကယ်စီးသမားတွေကပဲ လာပြီးပစ်ခတ်သွားတာ၊ ရဲတစ်ယောက် ပြည်သူ့စစ် ၂ ယောက် ရွာသားစစ်မှုထမ်းဟောင်းတစ်ယောက် ထိတယ် သူကတော့ ဒဏ်ရာစိုးရိမ်ရတယ် မော်လမြိုင်စစ်ဆေးရုံကို ပို့လိုက်ရပြီလို့ သိရတယ်” ဟု ဆိုသည်။

    အဆိုပါပစ်ခတ်ခဲ့မှုတွင် ကျောင်းရွာနယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်ကျော်နိုင် ယာဘက်ပုခုံး ကျည်ရှပ်ထိဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင် ဝဲဘက်တင်ပါး ကျည်ရှပ်ထိဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)၊ ပြည်သူ့စစ်အဖွဲ့ဝင် ဦးဘော် ဝဲဘက်ပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်(မစိုးရိမ်ရ)နှင့်  ရဲကင်းစခန်းအနီး နေထိုင်သူ အငြိမ်းစားစစ်မှုထမ်းဟောင်း ဦးကျော်မြင့်တွင် ဆီးအိမ်ရှပ်ထိဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်ခုံ ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက် ဒဏ်ရာစိုးရိမ်ရသည့်အခြေအနေရှိပြီး မော်လမြိုင် ၅၃၅ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

    အဆိုပါကျောင်းရွာအနီးပတ်ဝန်းကျင်တွင် ခမရ ၅၈၃ နှင့် ၅၉၁ မြန်မာစစ်တပ်ခြေမြန်တပ်ရင်း ၂ ရင်းလည်း အခြေစိုက်ထားကြောင်း သိရသည်။

    အလားတူ ယမန်နေ့ ဒီဇင်ဘာ ရ ရက်နေ့က ရေးမြို့နယ် ကနင်ကမော့ကျေးရွာအုပ်စု လိမ္မော်ခြံနှင့် အောင်သပြေရွာကြား နံနက် ၈ နာရီတွင် တစ်ကြိမ်၊ အောင်သာယာနှင့် ကနင်ကမော့ရွာကြား မွန်းလွဲ ၁ နာရီတွင်တစ်ကြိမ် ရေးမြို့နယ် YPDF အဖွဲ့နှင့် မြန်မာစစ်တပ်တို့ ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    ထို့ပြင် မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့် BGF ပူးပေါင်း၍ ဘေးလမိုင်းကျေးရွာအုပ်စုတဝိုက်တွင် စစ်ကြောင်းများထိုး၍ လှုပ်ရှားလျက်ရှိရာ ဒေသခံများထွက်ပြေးနေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks