Homeငြိမ်းချမ်းရေးသထုံ ရွှေစာရံဘုရားရှေ့တွင် ဗုံးပေါက်ပြီးနောက် Sunday KTV ဆိုင်ပိုင်ရှင်နှင့်အတူ ၁၉ ဦးဖမ်းဆီးခံရ

သထုံ ရွှေစာရံဘုရားရှေ့တွင် ဗုံးပေါက်ပြီးနောက် Sunday KTV ဆိုင်ပိုင်ရှင်နှင့်အတူ ၁၉ ဦးဖမ်းဆီးခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၃)

သထုံမြို့ ရွှေစာရံဘုရားရှေ့ ရုပ်သေးကုန်းတွင် ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်း၌ ဗုံးပေါက်ကွဲခဲ့ပြီးနောက် Sunday KTV ဆိုင်ပိုင်ရှင်နှင့် သားဖြစ်သူအပါအဝင် ၁၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

Sunday စားသောက်ဆိုင်ပိုင်ရှင် ဒေါ် အိမွန်က ” ကျွန်မ ခင်ပွန်းနဲ့ သား၊ မောင်နဲ့ ဇနီး၊ မွေးနေ့အတွက် လာလည်တဲ့ ဧည့်သည် တွေနဲ့ ဆိုင်ဝန်ထမ်း ပေါင်း 19 ယောက်ပါ။ ကျွန်မတစ်ယောက်ထဲ အပြင်မှာကျန်နေခဲ့တာပါ။ ကျန်တဲ့သူတွေကတော့အကုန်အချုပ်ထဲမှာ”လို့  ဆိုသည်။

အဆိုပါ Sunday KTV သို့ ဒီဇင်ဘာလ ၂ ရက်နေ့ညတွင် စစ်တပ်မှ အရာရှိတစ်ဦးနှင့် အခြားတစ်ဦးတို့ လာရောက်ခဲ့ပြီး အပြန်ဘက်တွင် ရွှေစာရံဘုရားအနီး၊ ပိဋကတ်သုံးပုံ အဝိုင်းအနီး၌ ည ၁၁ နာရီ ၃၀ ခန့်တွင် ဗုံးဖြင်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်အပေါ် ဆိုင်ပိုင်ရှင်နှင့် သားဖြစ်သူအပါအဝင် ဆိုင်ဝန်ထမ်းအားလုံးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ သထုံမြို့နယ်ရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

Sunday KTV ဆိုင်သည် ၂၀၂၀ ဒီဇင်ဘာလတွင် ကိုဗစ်ကာလ အစိုးရညွှန်ကြားချက်ကိုမလိုက်နာဘဲ ဆိုင်ဖွင့်လှစ်ခဲ့မှုကြောင့် မန်နေဂျာအပါအဝင် ၁၉ ဦးခန့်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဖြစ်စဥ် ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts