spot_img
Thursday, January 16, 2025
More
    spot_img
    Homeသတင်းဘုန်းကြီးမောင်းနှင်လာသည့်ကားဝင်တိုက်သဖြင့် စက်ဘီးစီးလာသည့်ကျောင်းသူသေဆုံး

    ဘုန်းကြီးမောင်းနှင်လာသည့်ကားဝင်တိုက်သဖြင့် စက်ဘီးစီးလာသည့်ကျောင်းသူသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂)

    သံဖြူဇရပ်-ရေးကားမပေါ် သံဖြူဇရပ်မြို့နယ်၊ ကလိန်ပဒေါင်ကျေးရွာအနီး၌ ဘုန်းကြီးတစ်ပါး မောင်းနှင်လာသည့် ကားဝင်တိုက်သဖြင့် စက်ဘီးစီးလာသည့်ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြာင်း သတင်းရရှိသည်။  

    ကလိန်ပဒေါင်ကျေးရွာအနီး စာသင်ကျောင်းရှေ့၌ ဒီဇင်ဘာလ ၂ ရက်နေ့ ​နေ့လယ်ပိုင်းတွင် ဘုန်းကြီးတစ်ပါး မောင်းနှင်လာသည့်ယာဉ်မှ အရှိန်မထိုင်းနိုင်ဘဲ အဆိုပါကျောင်းသူစီးနင်းလာသည့် စက်ဘီးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းဝင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ကောင်မလေးကအခုမှ ၁၂ နှစ်ပဲရှိသေးတယ်။ ဖြစ်စဥ်ကတော့ ဟိုက်ဝေးလမ်းမကြီးဆိုတော့ ဘုန်းကြီးက အရှိန်နဲ့မောင်းလာတာ။ လမ်းဘေးကနေပြီး ကလေးမလေး လမ်းပေါ်ကို တက်တာ အဲ့ဒီမှာတိုက်မိတာ။ ကလေးမလေးကို လမ်းဘေးက အဒေါ်ကြီးတစ်ယောက်က ကားလာတယ်လို့ လှမ်းအော်သေးတယ် မမှီလိုက်ဘူး။ အဲဒီနေရာက ကုန်းလေးလည်း ဖြစ်နေတော့ကားက အရှိန်နည်းနည်း ပါနေတာပါ”ဟု ၄င်းက ဆိုသည်။

    အဆိုပါ ယာဥ်တိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကျောင်းသူ ဦးခေါင်းကြေမွ၍ သေဆုံးခဲ့ပြီး အလောင်းကို သံဖြူဇရပ်ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

    တိုက်ခဲ့သောကားအမျိုးအစားမှာ Toyota ဖြစ်ပြီး လမိုင်းမြို့မှ ဘုန်းတော်ကြီးတစ်ပါးဖြစ်ကြောင်း လမိုင်းမြို့မ ရဲစခန်းမှ သိရသည်။

    အခင်းဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာ ရဲများလာရောက်ပြီး ဘုန်းကြီးကို ခေါ်ဆောင်သွားကြောင်း၊ တရားဥပဒေအတိုင်း လူဝတ်လဲ အရေးယူရန်ဆောင်ရွက်လျက်ရှိ​​ကြောင်း သိရသည်။

    ထို့အပြင် အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်နှင့် ၅ မိုင်ခန့်အကွာ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ ဦးခွေး၊ဒေါ်ယိမ်းကျေးရွာအနီးတွင် သံဖြူဇရပ်ဘက်မှ ရဲတံခွန်ကျေးရွာဘက်သို့ အသွားလမ်းတွင်လည်း ဘုန်းကြီးတစ်ပါး မောင်းနှင်လာသောကားတစ်စီး တိုက်မိသောကြောင့် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts