Homeငြိမ်းချမ်းရေးNLD ပါတီသထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်

NLD ပါတီသထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁)



အမျိုးသားဒီမိုကရေစီ ပါတီ၏ သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဒေါ်မာမာခိုင်ကို သထုံမြို့နယ် အကျဉ်းထောင် (ဇင်မသွယ်) အထူးတရားရုံးတွင် နိုဝင်ဘာ ၃၀ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ဒေါ်မာမာခိုင်ကို စစ်အာဏာရှင်ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခြင်း၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများကို လှုံဆော်ပေးခြင်း စသည့်အချက်များဖြင့် ဖမ်းဆီးကာ  ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး ၉ လကျော်အကြာတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်မာမာခိုင်ကို ၎င်း၏ ခင်ပွန်းဖြစ်သူ သထုံမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်း တို့ကို ဖေဖော်ဝါရီ ၂၈ ရက်က ၎င်းတို့၏ နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး ဒေါ်မာမာခိုင် နှင့် ၎င်း၏ ခင်ပွန်း ဦးဉာဏ်ထွန်းကို ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

သို့သော် ဦးဉာဏ်ထွန်းကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts