spot_img
Saturday, February 14, 2026
More
    spot_img
    HomeCovid 19အထည်ချုပ်လုပ်ငန်းများ ပုံမှန်ပြန်လည်ပတ်နိုင်ရန် ခက်ခဲ

    အထည်ချုပ်လုပ်ငန်းများ ပုံမှန်ပြန်လည်ပတ်နိုင်ရန် ခက်ခဲ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၃

    မွန်ပြည်နယ်အတွင်းက အထည်ချုပ်လုပ်ငန်းများ ရောင်းအားမကောင်းသောကြောင့် လုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရန် ခက်ခဲနေကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံက သိရသည်။

    မွန်ပြည်နယ်အတွင်း ဝယ်လိုအားဈေးကွက်သာမက နီးစပ်ရာပြည်နယ်များမှလည်း မှာယူမှု လျော့နည်းလာကြောင်း မော်လမြိုင်မြိုနယ်မှ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အထည်ချုပ်လုပ်ငန်းမှ ကုန်ချောပစ္စည်းများ ဈေးကွက်အတွင်း အရောင်းဝယ်ကျဆင်းလာခြ့င်း ဖြစ်ကြောင်း ဆက်ပြောသည်။

    “ဒီနှစ်ကကျတော့ အမတို့မှာ ဘာအော်ဒါမှ မရှိဘူး ဖြစ်နေတယ်။ ဒီမော်လမြိုင်မြို့နယ်အတွင်းက မှာတာလောက်ပဲရှိတယ်ပေါ့။ အရင်ကဆို မြဝတီတို့ မန္တလေးထိတို့ကို အမတို့ တင်ပို့ရောင်းရတယ်ပေါ့”ဟု ၎င်းက ပြောသည်။

    အောက်တိုဘာ လကုန်မှ စတင်ကာ ဝမ်းဆက်အထည်များ၊ မြန်မာဝတ်စုံများ၊ ကလေးဝမ်းဆက်များ စသည့် အထည်များကို မှာယူမှု လျော့နည်းလာကြောင်း ဆက်ပြောသည်။

    ထို့ပြင် ငွေချေရာတွင်လည်း kpay wave money စနစ်ဖြင့် ငွေချေရာတွင်လည်း ရာခိုင်နှုန်း မြင့်နေသောကြောင့် ငွေထုတ်ယူရမှာ အခက်အခဲရှိကြောင်း မော်လမြိုင်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “အခုကလေ လုပ်ငန်းတွေ လည်ပတ်ဖို့ခက်တယ်။ ပိုက်ဆံရှင်းတာ ထုတ်တဲ့အခါလည်း ရာခိုင်နှုန်းတွေပေးရတယ်။ ကုန်ကြမ်းတွေဝယ်တဲ့အခါလည်း ဒေါ်လာတွေနဲ့ တွက်တယ် မဟုတ်လား။ အဲဒါတွေလည်း ရှိနေပြန်တယ်။ ပြည်တွင်းမှာလည်းရောင်းအားမကောင်းဘူး။ ရောင်းအားမကောင်းတော့ လုပ်ငန်းပြန်လည်ဖို့ ခက်တယ်”ဟု မော်လမြိုင်က အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    လက်ရှိတွင် အထည်ချုပ်လုပ်ငန်း ၄၀ ရာခိုင်နှုန်းလောက်သာ လုပ်ငန်းလည်ပတ်နေသည့် အခြေအနေဖြစ်ကြောင်း ဆက်ပြောသည်။

    ယခင်နှစ်၏ ကာလတူ အချိန်တွင် အထည် မှာယူမှုများ ဆက်တိုက် မြင့်တက်လာပြီး အရောင်းအဝယ်အများဆုံး အချိန်ကာလဖြစ်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks