Homeငြိမ်းချမ်းရေးပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်အမှု နိုဝင်ဘာ ၃၀ တွင် အမိန့်ချမည်ဟုဆို

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်အမှု နိုဝင်ဘာ ၃၀ တွင် အမိန့်ချမည်ဟုဆို

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၁ နိုဝင်ဘာ ၂၈)


သထုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၏ အမှုကို နှစ်ဦးနှစ်ဖက် လျှောက်လွှဲချက် ပေးထားပြီဖြစ်သောကြောင့် နိုဝင်ဘာ ၃၀ ရက်တွင် အပြီးသတ် အမိန့်ချမည်ဆိုကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဒေါ်မာမာခိုင်ကို စစ်အာဏာရှင်ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခြင်း၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများကို လှုံဆော်ပေးခြင်း စသည့်အချက်များဖြင့် ဖမ်းဆီးကာ  ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်‌တွင် ဖမ်းဆီးခံထားရကာ ကျန်းမာရေးချို့ယွင်းနေကြောင်း ဆက်ပြောသည်။

ဒေါ်မာမာခိုင်နှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ သထုံမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်  ဦးဉာဏ်ထွန်း ကို ဖေဖော်ဝါရီ ၂၈ ရက်က ၎င်းတို့၏ နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

သို့သော် ဦးဉာဏ်ထွန်းကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သည်။

အလားတူ ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၅၀၅(က) အပါအဝင်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအမှု ၉ မှုဖြင့် အမှုဖွင့်အရေးယူခံထားရသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအမူကိုလည်း ယခုနိုဝင်ဘာလကုန်ပိုင်းတွင် အပြီးသတ် အမိန့်ချသွားမည်ဖြစ်ကြောင်း ၄င်း၏မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts