HomeCovid 19သထုံမြို့တွင် ကိုဗစ်အတည်ပြုလူနာသစ် ၄ ဦး တွေ့ရှိ၊ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူများဖြစ်

သထုံမြို့တွင် ကိုဗစ်အတည်ပြုလူနာသစ် ၄ ဦး တွေ့ရှိ၊ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူများဖြစ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၂၃)

သထုံမြို့တွင် ကို‌ဗစ်အတည်ပြုလူနာသစ် ၄ ဦး ကို နိုဝင်ဘာ ၂၂ ရက်နေ့က တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ကိုဗစ်အတည်ပြုလူနာသစ် ၄ ဦးတို့သည် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ဆေးထိုးမှုပြီးဆုံးခဲ့သူများဖြစ်ကြောင်း မြိုနယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

အဆိုပါရောဂါပိုး တွေ့ရှိခဲ့သည့် အတည်ပြုလူနာ ၄ ဦးတို့သည် အနံပျောက်သောကြောင့် သထုံမြို့ Fever Clinic ကို လာရောက် စစ်ဆေးရာတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သထုံမြိုနယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းဦးက ပြောသည်။

“၄ ဦးပေါ့။ မြိုပေါ်ကပဲ။ မြို့ပေါ်က ၄ ဦးတွေ့တယ်။ သူတို့ရဲ့ လက္ခဏာကတော့ လည်ချောင်းနာတာတို့၊ ဖျားတာတို့၊ အဲဒီမှာ စစ်လိုက်တာ Positive ထွက်တာပေါ့”ဟု ၎င်းက ပြောသည်။

ကိုဗစ်ရောဂါသည် ဖြစ်ပွားနှုန်း လျှော့နည်းသွားခြင်းဖြစ်ပြီး လုံးဝပျောက်ကင်းမှု မရှိသေးသောကြောင့် ပြည်သူများအနေဖြင့် မပေါ့ဆသင့်သေးကြောင်း၊ အပြင်ထွက် သွားလာရာတွင် Mask တပ်ဆင်ခြင်း၊ လူစုလူဝေးရှိရာသို့ မသွားလာခြင်းတို့ ‌ပြုလုပ်ရမည်ဖြစ်ကြောင်း ဒေါက်တာသန်းဦးက သည်။

လူနာသစ် ၄ ဦးသည် သထုံမြိုနယ် သိမ်ကုန်းရပ်ကွက်မှ အသက် ၄၀ နှစ် မှ ၆၀နှစ်အရွယ် အမျိုးသမီးများ ဖြစ်ကြောင်း သထုံမြိုနယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ပထမက negative ထွက်တယ်။ အောက်စီဂျင်ထိုးကျတယ်။ အဆုတ်တွေလည်း မကောင်းဘူးပေါ့။ အခုမှ ကျွန်တော်တို့က Full RT Test နဲ့ စစ်လိုက်တာ Positive တွေ ထပ်ပြီးထွက်လာတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိမှာတော့ အဆိုပါ အမျိုးသမီး လေးဦးကို သထုံမြို့နယ် Isolation ward 1တွင် ထားရှိကာ ဆေးကုသမှု ပေးနေကြောင်း ဆက်ပြောသည်။

သထုံမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ ကိုဗစ်အတညိပြုလူနာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ထပ်မံ လူနာသစ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသက် ၁၈နှ စ်အောက် ကာကွယ်ဆေးထိုးပေးနေပြီဖြစ်သောကြောင့် ကာကွယ်ဆေးများကို လာရောက်ထိုးနှံကြရန် မြိုနယ်ကျန်းမာရေးဦးစီးဌာနက တိုက်တွန်း ပြောဆိုလျက်ရှိသည်။



ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts