spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက်နဲရေလယ်ဘုရားမတော်တဆဖြစ်စဥ်တွင် ရေနစ်သေဆုံးသူ ၂၀ ဦးအထိရှိလာ

    ကျိုက်နဲရေလယ်ဘုရားမတော်တဆဖြစ်စဥ်တွင် ရေနစ်သေဆုံးသူ ၂၀ ဦးအထိရှိလာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၂၂)

    သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလယ်ဘုရားဖူးများ မတော်တဆ ဖြစ်စဉ်တွင် အလောင်း ၅ လောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထပ်မံရှာဖွေတွေ့ရှိသဖြင့် စုစုပေါင်းရေနစ်သေဆုံးသူ ၁၉ ဦးအထိရှိလာကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

     နိုဝင်ဘာလ ၂၁ရက်နေ့ ညပိုင်းအထိ ရေနစ်သူ ၁၅ လောင်းတွေ့ရှိခဲ့ပြီး ၂၂ရက်နေ့ နံနက်အစောပိုင်းတွင် ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေခဲ့ရာ ရေးမြို့နယ် အစင်ကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး၊ ပဲခူးမှ အသက် ၁၇အရွယ် အမျိုးသမီးတစ်ဦး၊ မြိုင်ကလေးမှ အမျိုးသမီးတစ်ဦးနှင့် မြို့နယ်မသိရသေးသူ အမျိုးသမီးတစ်ဦး ထပ်မံဆယ်ယူရရှိခဲ့ခြင်း ဖြစ်သည်။

    “ကျွန်တော်တို့ မနက်ကတည်းက ပျောက်နေတဲ့သူတွေကိုရှာဖို့ ပြန်ထွက်ခဲ့တာပါ။ ပထမအလောင်းက မနက်ကတွေ့တာ ဒီနေ့အတွက်ဒုတိယမြောက်အလောင်းကို ပင်လယ်ထဲမှာတွေ့ပြီအခုအဲ့တာကိုယူဖို့ ကျွန်တော်တို့သွားနေတယ်” လို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးမှ သိရသည်။

    ဘုရားဖူး လာရောက်သူများတွင် ပျောက်ဆုံးနေသူ ၁၀ ဦး လာရောက် စာရင်းပေးထားပြီး နိုဝင်ဘာလ ၂၂ရက်နေ့တွင် အလောင်း၄လောင်းထပ်မံ ဆယ်ယူရရှိသဖြင့် ၆ ဦး ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။

    ကိုဗစ်ကြောင့် ၂ နှစ်ရပ်နားထားရသော ကျိုက်နဲရေလယ်ဘုရားပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပစဥ် နိုဝင်ဘာလ ၂၂ ရက်နေ့က မတော်တဆရေနစ်မှုများကြောင့် လူ ၁၉ ဦးသေဆုံးပြီး ဆက်လက်ပျောက်ဆုံးနေသည့် လူ ၆ ဦးကို ဒေသခံ ပရဟိတအသင်းများက ဆက်လက်ရှာဖွေလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks