spot_img
Saturday, February 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအိမ်စီးကားဖြင့်လိုက်ပါလာသည့်အမျိုးသမီးတစ်ဦး မော့ကနင်စစ်ဆေးရေးဂိတ်တွင် သေနတ်ပစ်ခံရပြီးသေဆုံး

    အိမ်စီးကားဖြင့်လိုက်ပါလာသည့်အမျိုးသမီးတစ်ဦး မော့ကနင်စစ်ဆေးရေးဂိတ်တွင် သေနတ်ပစ်ခံရပြီးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ နိုဝင်ဘာ  ၂၀)

    ရေး-သံဖြူဇရပ်ကားလမ်းမပေါ် ရေးမြို့နယ် မော့ကနင်ရွာအထွက် စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၁၉ ရက် ညဦးပိုင်းအချိန်က ယာဥ်ရပ်နားပေးရန် လုံခြုံရေးတပ်ဖွဲ့တားသည်ကို မကြားသိ၍ မော်တော်ယာဥ်ချက်ချင်းမရပ်နိုင်သဖြင့် သေနတ်ပစ်ခံရပြီး မိသားစုဝင်နှင့်အတူ အိမ်စီးကားဖြင့်လိုက်ပါလာသည့်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။  

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဦးအောင်ခိုင်၏မိသားစုဝင်တို့ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဥ်သည် မွန်ပြည်နယ်မှအပြန် အဆိုပါစစ်ဆေးရေးဂိတ်ကို ညအချိန်ဖြတ်သန်းသွားစဥ် သေနတ်ဖြင့်အပစ်ခံရပြီး ဇနီးဖြစ်သူ ဒေါ်ရီရီချို သေဆုံးခဲ့ရခြင်းဖြစ်သည်။

    “ကားပေါ်မှာ ကျွန်တော်ရယ်။ ကျွန်တော့အစ်ကိုယ်ရယ်၊ အမေရယ် ၊ နောက်တစ်ယောက်ရယ်ပါတယ်။ အဲ့ဒီဂိတ်ရောက်တော့ မှောင်နေပြီ။ သူတို့က အမှောင်ထဲကတားတယ်။ ယူနီဖောင်းက အောက်ပိုင်းပဲပါတယ်။ တားတော့ တစ်ဘီးနှစ်ဘီးလောက်ကျော်ပြီး ကျွန်တော်တို့က ကားကို လမ်းဘေးကိုချရပ်လိုက်တယ်။ ကားရပ်လို့ အောက်ဆင်းနေတုန်း သေနတ်သံနှစ်ချက် ကြားလိုက်တယ်။ တစ်ချက်က ကားကိုထိတယ်။ တစ်ချက်က အမေ့ကိုထိတယ်”ဟု  သေဆုံးသူအမျိုးသမီး၏ သားဖြစ်သူက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အခင်းဖြစ်ပွားချိန် ည ၇နာရီခန့်ဖြစ်ပြီး ဒေါ်ရီရီချို၏ ခါးတွင်သေနတ်ကျည်ဆံထိမှန်၍ လမိုင်းဆေးရုံသို့ ပို့ဆောင်စဥ်သေဆုံးခဲ့ကြောင်း သူမ၏သားဖြစ်သူက ဆိုသည်။

    သေဆုံးသူ ဒေါ်ရီရီချို၏ ရုပ်အလောင်းအား မအူပင်မြို့ရှိ  ၄င်း၏နေအိမ်သို့ ပြန်လည်သယ်ဆောင်လာပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

    ပြန်/ဆက်ဌာန သတင်းထောက် ဦးအောင်ခိုင်နှင့် ဒေါ်ရီရီချိုတို့၏ မိသားစုဝင်တို့သည် မအူပင်မြို့ အမှတ် (၁)ရပ်ကွက်၊ ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်းရှိ လမ်းတံတားစစ်ဆေးဂိတ်များကို ယခုအခါ လုံခြုံရေးအစီအစဥ်တိုးမြှင့်ချထားလိုက်ပြီး မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများရပ်ရန်တားဆီးသည့်အခါ မောင်းပြေးပါက ပစ်ခတ်အမိန့် သက်ဆိုင်ရာက (လှို့ဝှက်) ပေးထားကြောင်း စုံစမ်းသိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks