Homeငြိမ်းချမ်းရေးလက်လုပ်မိုင်းထောင်စဥ် ပေါက်ကွဲပြီး အမျိုးသားနှစ်ဦးသေဆုံး

လက်လုပ်မိုင်းထောင်စဥ် ပေါက်ကွဲပြီး အမျိုးသားနှစ်ဦးသေဆုံး

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၁ နိုဝင်ဘာ – ၁၉ )

ဘီးလင်းမြို့နယ် ဘီးလင်း-ရန်ကုန် ကားလမ်းအနီး၌ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် လက်လုပ်မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲပြီးအမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဖြစ်စဉ်မှန်ပါတယ်။ ဒီကနေ့ နံနက်ပိုင်းက ဖြစ်သွားတာပါ။ အလောင်းတွေသယ်လာပါတယ်။ ဘယ်သူတွေဆိုတာ မသိရသေးပါဘူး” လို့ ဘီးလင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာအနီးတွင် မိမိတို့ထောင်သောမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူများကို ရဲတပ်ဖွဲ့မှ သယ်ယူသွားပြီး စစ်ဆေးလျက်ရှိကြောင်း၊ ၎င်းတို့ဘေးတွင် မပေါက်ကွဲသေးသော လက်လုပ်မိုင်းအချို့ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဘီးလင်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ခေါင်းဆောင်ပိုင်းများ
မကြာခဏ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ပေါက်ကွဲမှုများလည်း ဆက်တိုက်ဖြစ်ပေါ်လျက် ရှိသည်။

ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ပတ်သက်မှု၊ ငွေကြေးထောက်ပံ့‌ နေမည်ဆိုသည့် စွပ်စွဲ‌ချက်များဖြင့်

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျိုက်ထိုလူမှုကူညီရေးအသင်း ဥက္ကဌနှင့် အသင်းဝင်အချို့ အပါအဝင် လူ ၁၀ ဦးထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးခဲ့သည်။

အလားတူ သံဖြူဇရပ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးခြံဝတွင် လက်လုပ်မိုင်းချိတ်ဆွဲထားသည်ကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းအချိန်တွင် တွေ့ရှိခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts