spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းMoU process က အရမ်းကြာတယ်- Siam Hongsa Co., Ltd. ဒါရိုက်တာ ကိုသီဟနှင့်ဆက်သွယ်မေးမြန်းချက်

    MoU process က အရမ်းကြာတယ်- Siam Hongsa Co., Ltd. ဒါရိုက်တာ ကိုသီဟနှင့်ဆက်သွယ်မေးမြန်းချက်

    -

    မွန်သတင်းအေဂျင်စီ (၁၆ နိုဝင်ဘာ ၂၀၂၁)



    လတ်တလော မြန်မာရွေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံထဲ ဘာကြောင့်လှိမ့်ဝင်နေရပါသလဲ၊ မြန်မာအစိုးရ MoU အားနည်းချက်က ဘာလဲ။ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအေးဂျင့်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ Siam Hongsa Co., Ltd. ဒါရိုက်တာ ကိုသီဟနှင့် မွန်သတင်းအေဂျင်စီ ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး-ခုတလော မြန်မာနိုင်ငံက အလုပ်သမားတွေ ဘာကြောင့် ထိုင်းကိုလှိမ့်ဝင်နေရပါသလဲ။

    ဖြေ-မြန်မာနိုင်ငံသားတွေ ဘာလို့ လှိမ့်ဝင်လာကြလဲဆိုတော့ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ၁၂ လပိုင်းအတွင်းမှာ ပန်းရောင်ကဒ် မှတ်ပုံတင်လုပ်ပေးတယ်။ အလုပ်သမားကဒ်ပေါ့။ အဲဒီအလုပ်သမားကဒ်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်။ ကျွန်တော်တို့ ၂၀၂၁ နိုဝင်ဘာကနေ ၂၀၂၃ ဖေဖော်ဝါရီလအထိ အလုပ်လုပ်ခွင့် နေထိုင်ခွင့်ပေးတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ နိုင်ငံသားတွေ အောက်လမ်းကနေ အများကြီး ဝင်လာကြတာ ဖြစ်ပါတယ်။

    အဲဒီ ပန်းရောင်ကဒ်လုပ်ဖို့က ထိုင်းနိုင်ငံမှာ ရှိတဲ့ ထိုင်းအလုပ်ရှင်တစ်ယောက်က တရားမဝင် အလုပ်သမားတစ်ယောက်ရှိတယ်ဆိုပါစို့။ အဲအလုပ်သမားမှာ ဘာအထောက်အထားမှ ရှိဖို့ မလိုဘူး။ အလုပ်သမားရှိတယ်။ မွေးသက္ကဇ်ရှိတယ်။ ဒါပဲ။ မွေးသက္ကရဇ်၊ သူ့နာမည်၊ အဖေနာမည် လောက်ပဲ လိုတယ်။ သူတို့ ပန်းရောင်ကဒ် လုပ်ပေးတယ်။ ဘာအထောက်အထားမှ မလိုဘူး။ အရေးတကြီး ဘာမှမလိုဘူး။ passport ရှိတယ်ဆိုရင်လည်း မိတ္တူပြလို့ရတယ်။ မြန်မာမှတ်ပုံတင်ရှိရင်လည်း မိတ္တူပြလို့ရတယ်။ မရှိဘူးဆိုရင်လည်း ဘာမှပြစရာမလိုဘူး။ အဲဒီအတွက် အစိုးရ ကုန်ကျစရိတ်ကို မပြောပါနဲ့။ အစိုးရ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်က work permit ဖိုး ၁၄၅၀ရှိတတယ် တစ်နှစ်ခွဲဖို့အတွက်ကို။ ကိုဗစ် အာမခံဖိုး ၉၉၀ ရှိတယ်။ ပြီးတော့ ကျန်းမာရေး စစ်ဆေးခတွေ ရှိမယ်။ ဒီသုံးရပ် ၃ ခုပဲရှိမယ်။ အစိုးရ သတ်မှတ်ထားတာက။ ဒါပေမယ့် တကယ်ကုန်ကျစရိတ်ကတော့ ဘတ် ၈၅၀၀ ကနေ ဘတ် ၁၂၀၀၀ထိ ရှိပါတယ်။

    မေး-ထိုင်းမှာအလုပ်သမားတွေ လိုအပ်ချက် ဘယ်လောက်ရှိနေလဲ။

    ဖြေ- ထိုင်းအစိုးရက သူတို့ အလုပ်သမား လိုအပ်ချက်က လေးသိန်းကျော်လောက်ရှိတဲ့ ကာလဖြစ်တဲ့အတွက် သူတို့ဘက်က သူတို့နိုင်ငံ အကျိုးရှိအောင်လုပ်မယ်။ ကျွန်တော်တို့နိုင်ငံက တရားဝင်လမ်းကြောင်းကို အလွယ်တကူဖွင့်မပေးနိုင်ရင် အချိန်ဆွဲထားသလိုမျိုးဖြစ်နေရင်တော့ မြန်မာနိုင်ငံသား အလုပ်သမားတွေက ဖြစ်တဲ့နည်းနဲ့ ထိုင်းကိုဆက်ဝင်နေမှာပဲ၊ မြန်မာနိုင်ငံရေးအခြေအနေ၊ အလုပ်အကိုင်ရှားပါးမှု အခြေအနေကြောင့် အဆင်ပြေရာ ရေကြည်ရာ၊ မြက်နုရာကို လာကြရတယ်။ ဒီမှာက သက်စွန့်ဆံဖျားလာရတယ်။ အောက်လမ်းဆို အသက်နဲ့ ရင်းရတယ်။ ပိုက်ဆံတွေလည်း အများကြီးပေးရတယ်။ တရားဝင်လမ်းကြောင်းထက်ကို ပိုဈေးကြီးပေမယ့် တရားမဝင်လမ်းကြောင်းက ပိုလွယ်နေတာမို့ အလုပ်သမားတွေ လာရတာ ဖြစ်ပါတယ်။

    တကယ်လို့အစိုးရဘက်က တရားဝင်လမ်းကြောင်းဟာ လွယ်လွယ်လေးဖြစ်မယ်။ အဆင်ပြေချောမွေ့မယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံက အလုပ်သမားတွေ နိုင်ငံသူ နိုင်ငံသားတွေက ဒီ တရားမဝင် လမ်းကြောင်းကို လာစရာအကြောင်းကို မရှိတာ။ MoU ဖွဲ့တယ်။ စနစ်တကျ ဖြစ်အောင် လုပ်ပေးစေချင်တယ်။

    မေး-အကြံပြုပေးပါဦး
    ဖြေ- ပြီးခဲ့တဲ့ MoU လုပ်လို့ရတဲ့ ခေတ်တွေမှာ ကျွန်တော်တို့ သတိထားမိတာ တစ်ခုရှိတယ်။ အနည်းဆုံး အလုပ်ရှင် တစ်ဦးက အလုပ်သမား ရဖို့အတွက် ၄ လ ၆ လကနေ တစ်နှစ်ထိ ရှိတယ်။ MoU process က အရမ်းကြာတယ်။ သက်ဆိုင်ရာများကလည်း MoU တရား ဝင်လမ်း ဖွင့်တဲ့အခါ အဆင်ပြေ အချောမွေ့ဆုံး လုပ်ပေးဖို့ အကြံပြုချင်ပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts