Homeငြိမ်းချမ်းရေးDMD မွန်လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး ရေးမြို့စကခ ၁၉ တွင်လက်နက်ချအလင်းဝင်

DMD မွန်လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး ရေးမြို့စကခ ၁၉ တွင်လက်နက်ချအလင်းဝင်

-

မွန်သတင်းအေဂျင်စီ (၁၆ နိုဝင်ဘာ ၂၀၂၁)

ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် DMD မွန်လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး ရေးမြို့အခြေစိုက် စကခ ၁၉ တွင် နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက လက်နက်ချအလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။

ရေးမြို့နယ် သောင်ပြင်ရွာသား အချမ်း၊ ခေါဇာမြို့မှ နိုင်ခေါက်၊ ကျောက်ထရံရွာသား နိုင်ဟလယ်နှင့် ရေဖြူမြို့နယ် အမဲရွာသား နိုင်မူ တို့ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးထံမှ သိရသည်။  

“စကခ ၁၉ မှာ မနေ့ နေ့လယ် ၁၂ ခွဲလောက်မှာ လက်နက်ချခဲ့ရတယ်၊ ဒါလောက်ပဲ သိထားပါတယ်”ဟု ၄င်းက ဆိုသည်။  

DMD အဖွဲ့ဝင်သည် စစ်အစိုးရအားတော်လှန်သည့် မွန်လက်နက်ကိုင်အဖွဲ့အဖြစ် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်တို့တွင် ဆက်ကြေးကောက်ခံနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts