Tuesday, March 10, 2026
More
    spot_img
    HomeCovid 19အစိုးရစာသင်ကျောင်းများ နိုဝင်ဘာလ ၁ ရက်နေ့ဖွင့်မည်

    အစိုးရစာသင်ကျောင်းများ နိုဝင်ဘာလ ၁ ရက်နေ့ဖွင့်မည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၂၉)

    အစိုးရ အခြေခံပညာကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးရုံးမှသိရသည်။

    မြန်မာနိုင်ငံအတွင်းရှိအခြေခံကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားရန် အောက်တိုဘာလ ၂၈ ရက်နေ့က နစကပညာရေးဝန်ကြီးဌာန ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးနောက် ကျောင်းများပြန်ဖွင့်ရန် အမြဲပြင်ဆင်ထားသလို သင်ရိုးများအတွက် အစည်းအဝေးပြုလုပ်နေကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

    “သင်ရိုးအဖွဲ့တွေညှိနှိုင်းရေးတွေလုပ်နေပါတယ်။ အဲ့ဒါတော့ကိုရုံးချုပ်မှာပဲလုပ်ဆောင်မှာပါ။ အခုအစည်းအဝေးတွေစလုပ်နေရပါပြီ။ ကျောင်းဖွင့်ဖို့က လွန်ခဲ့တဲ့လတွေထဲက သူတို့ပြင်ဆင်ခိုင်းထားလို့ အကုန်လုပ်ထားပြီးပါပြီ”ဟု မွန်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    အလားတဲ အခြေခံပညာကျောင်းများပြန်ဖွင့်နိုင်ရန် အသက် ၁၂ နှစ်မှ ၁၈ ကြား ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မွန်ပြည်နယ်က ကျောင်းသား ၈၃ ရာခိုင်နှုန်းခန့် ထိုးနှံပြီးသွားကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

    နိုင်ငံရေးအခြေအနေများကြောင့် ကျောင်းနေအရွယ်ခလေးများ ကျောင်းထားရန်စိုးရိမ်နေရသော်လည်း ပညာရေးကိစ္စဖြစ်သောကြောင့် မဖြစ်မနေကျောင်းထားရန် စီစဥ်ထားရကြောင်း ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

    “ကျောင်းကထားချင်တယ်။ ကိုဗစ်ကာကွယ်ဆေးကလည်းထိုးပေးပြီးပြီ။ ကျောင်းနားထားရတာလည်း နှစ်နှစ်လောက်ရှိနေပြီလေ။ ဗုံးတွေကလည်းတအားပေါက်တော့ နည်းနည်းတော့စိုးရိမ်တယ်”ဟု မော်လမြိုင်မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

    သို့ရာတွင် မြန်မာနိုင်ငံတဝန်း ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်းဆက်လက်များပြားနေသော အခြားပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများကို ဖွင့်လှစ်ခွင့်ပြုခြင်း မရှိသေးပေ။  

    ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပညာသင်နှစ်စပိုင်းတွင် ကျောင်းများပြန်ဖွင့်ခဲ့သော်လည်း ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာခြင်းနှင့် စာသင်ကျောင်းအချို့တွင် ဗုံးထောင်ဗုံးခွဲမှုများရှိလာသဖြင့် ဇူလိုင်လ ၉ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိစာသင်းကျောင်းများ ပြန်ပိတ်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks