spot_img
Saturday, December 13, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးရေဖြူ NLD ပါတီရုံးရှေ့တွင် အမည်မသိလူဦးခေါင်းပြတ် လာရောက်ချိတ်ဆွဲထား၊ ယနေ့တစ်ရက်အတွင်း အနည်းဆုံးလူ ၆ ဦးသတ်ဖြတ်ခံရ

    ရေဖြူ NLD ပါတီရုံးရှေ့တွင် အမည်မသိလူဦးခေါင်းပြတ် လာရောက်ချိတ်ဆွဲထား၊ ယနေ့တစ်ရက်အတွင်း အနည်းဆုံးလူ ၆ ဦးသတ်ဖြတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၂၂)

    တနၚ်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူ မြို့နယ် NLD ပါတီရုံးရှေ့တွင် အောက်တိုဘာလ ၂၂ ရက်နေ့က အမည်မသိလူဦးခေါင်းပြတ်တစ်လုံး လာရောက်ချိတ်ဆွဲထားမှု ဖြစ်ပွားခဲ့ကြောင်း၊ ၄င်းအပြင် ယနေ့တစ်ရက်အတွင်း အနည်းဆုံးလူ ၆ ဦးခန့် သတ်ဖြတ်ခံလိုက်ရကြာင်း သတင်းရရှိသည်။

    “ဦးခေါင်းပြတ်ကို NLD ရုံးရှေ့မှာ လာချိတ်ထားတာ ဘယ်သူဆိုတာတော့ မသိရဘူး။ ရွာခံမဟုတ်တာတော့သေချာတယ်။ ရဲတွေတောင် အတည်ပြုမသွားဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။

    အဆိုပါ ဦးခေါင်းပြတ်မှာ အသက် ၅၀ နှစ်ခန့်အရွယ်ယောက်ျားတစ်ဦးဖြစ်သည်ဟု ခန့်မှန်းကြ၍ ကတုံးဆံပင်၊ ဝဲပါး၊ နဖူး၊ မေးစေ့တို့တွင် ပြတ်ရှဒဏ်များပါရှိနေပြီး သေဆုံးသူကို ယခုအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

    အလားတူ ရေဖြူမြို့နယ် ဧကနိကျေးရွာအုပ်စု ခမောင်းချောင်းရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ဦးမိုးဟိန်းသည် နေအိမ်၌ ယနေ့နံနက်တွင် သေနတ်အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

    ယင်းသေဆုံးမှုတွင် သင်္ကာမကင်းခံရသူ ရေဖြူမြို့နယ် ပု​ဂေါဇွန်းကျေးရွာအုပ်စု ဝက်ချောင်းကျေးရွာသား ဦးကြည်သိန်း(အသက် ၇၀ နှစ်ခန့်) အား လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးသွားပြီးနောက် အလောင်းကို ပြန်ပို့ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

    ထား၀ယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ဦးညီညီအောင်သည် ယနေ့ (အောက်တိုဘာ ၂၂ ရက်) နံနက် ၈ နာရီခွဲခန့်တွင် တရုတ်တန်းလမ်းလက်ဖက်ရည်ဆိုင်တစ်ဆိုင်အနီး ကားပေါ်တွင်ရှိနေစဉ် သေနတ်ဖြင့် ၁၀ ချက်ခန့်ပစ်ခံရ၍ သေဆုံးခဲ့ကြောင်း ထားဝယ်မြို့ခံ လူမှုကွန်ရက်မီဒီယာများက ဖော်ပြသည်။

    ထို့အပြင် အောက်တိုဘာလ ၂၂ ရက်နေ့ တစ်နေ့တည်း၌ လောင်းလုံးမြို့တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ပစ်ခတ်မှုကြောင့် NLD ပါတီထော်ခံသူ ကိုနေနေနှင့် ဦးအောင်မြင့် တို့နှစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး အခြားဒဏ်ရာရရှိသူနှစ်သီးရှိကြောင်း ​​သတင်းရရှိသည်။

    ထားဝယ်မြို့နှင့် မြိတ်မြို့ပေါ်ရှိ NLD ပါတီတိုင်းရုံးနှင့် ခရိုင်/မြို့နယ်ရုံးအပါအဝင် ရုံး ၂ ရုံးကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တစ်ရက်စီခြား၍ ဗုံးဖောက်ခွဲခံရကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts