HomeCovid 19မွန်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူ တစ်သိန်းကျော်ရှိ

မွန်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူ တစ်သိန်းကျော်ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၄)

မွန်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူ တစ်သိန်းကျော် ရှိပြီး ကာကွယ်ဆေး ပထမအဆင့်ထိုးပြီးသူ (တစ်ကြိမ်ထိုးပြီးသူ) ၄ သိန်းခန့် ရှိပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။ သိရသည်။

အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသူကျောင်းသားများကို ဆက်လက်ထိုးနှံပေးသွားရန် စီစဥ်လျက်ရှိပြီး ယခုနှစ်တွင် ကာကွယ်ဆေးထိုးပေးရမည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို အပြီးထိုးပေးရန် မျှော်မှန်းထားကြောင်း ကျန်းမာရေးဦးစီးဌာနက ပြောသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မူဝါဒအားဖြင့် ကူးစက်မှုနှုန်းလျော့ကျရေး၊ သေနှုန်းလျော့ကျလာရန်နှင့် စီးပွားထိခိုက်မှု လျော့ချရေးအတွက် ကာကွယ်ဆေးထိုးရန် ဦးတည်အုပ်စု (၁၂) အုပ်စုကိုဦးတည်ထားကြောင်း၊ ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးအုပ်စုများခွဲကာ အသက် ၆၅ နှစ်နှင့်အထက်မှ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကာကွယ်‌ဆေးမထိုးရသေးသည့် ပြည်သူများ အနေဖြင့်လည်း သတ်မှတ်ထားသည့်နေရာများတွင် လာရောက်ထိုးနှံကြရန် သက်ဆိုင်ရာ ကျန်းမာရေးဌာနများက တိုက်တွန်းလျက်ရှိသည်။

“ဆေးလာထိုးတဲ့သူတွေကတော့ များတယ်။ အခုကျတော့ တော်တော်လည်း ထိုးပြီးကုန်ပြီဆိုတော့ လူက တစ်ဖြည်းဖြည်းနည်းလာပြီ။ ဒါပေမယ့် နေ့တိုင်းတော့ လာထိုးနေကြတုန်းပါပဲ”ဟု ကို‌ဗစ်ကာကွယ်ဆေးထိုးနှံရာတွင် လုပ်အားပေးနေသူ တစ်ဦးက ပြောသည်။

ကိုဗစ်တတိယလှိုင်းအတွင်း မွန်ပြည်နယ်တွင် ကူးစက်မှု၊ လူသေဆုံးမှုများပြားခဲ့သောကြောင့် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားသင့်ကြောင်း ၄င်းက အကြံပြုပြောဆိုသည်။

မွန်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါဖြစ်ပွားသူ ၁၅၅၃၉ ဦးထိရှိခဲ့ပြီး သေဆုံးသူ ဦးရေ ၁၃၅၀ ထိ ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts