spot_img
Saturday, March 7, 2026
More
    spot_img
    HomeCovid 19ကျိုက်ထီးရိုးတောင်တော်ကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်သွားမည်

    ကျိုက်ထီးရိုးတောင်တော်ကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်သွားမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၄)

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီရိုးဘုရား ဗုဒ္ဓပူဇနိယပွဲတော် နှင့် တောင်တော်ဖွင့်ပွဲကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှက ပြောသည်။

    လာမည့် အောက်တိုဘာ ၂၀ ရက် နံနက် ၅ နာရီတွင် ကျိုက်ထီးရိုးရင်ပြင်တော်၌ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ကျင်းပသွားမည်ဖြစ်သည်။

    “ကိုဗစ်ရောဂါတွေကြောင့် ဘုရားပွဲတော်တွေက မြန်မာတစ်ပြည်လုံး သိတဲ့အတိုင်းပဲ ခဏရပ်ဆိုင်းထားရပြီးတော့ ဒီနှစ်တော့ ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ပြီးတော့ ဖွင့်လှစ်ဖို့ အစီစဉ်တွေ လုပ်ထားပါတယ်”ဟု ဦးစိုးလှက ပြောသည်။

    ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဥ်သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ ၇ လ တိုင်တိုင် နှစ်စဉ်ကျင်းပခဲ့သော်လည်း ကိုဗစ်ကြောင့် ပွဲတော် ရပ်နားခဲ့ရကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် ကိုဗစ် စည်းမျဉ်းအတိုင်း တိကျစွာလိုက်နာပြီး ဘုရားပွဲတော်ကို ယခင်အတိုင်း ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

    တောင်တက်ကားတစ်စီးတွင် လူ ၃၀ တက်ခွင့်ပေးမည်ဖြစ်‌ကြောင်း၊ ကင်ပွန်းစခန်းရှိ တောင်တက်ကားဂိတ်တွင် အပူချိန်တိုင်း ကိရိယာဖြင့် တိုင်းတာစစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူမှသာ ကားပေါ်တက်ခွင့် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ထို့အတူ ရင်ပြင်တော်တည်းခိုခန်း၊ တည်းခိုဆောင် နှင့် ဟိုတယ်များတွင်လည်း ကိုဗစ်စည်းကမ်းနှင့်အညီ လုပ်ဆောင်ထားကြောင်း တည်းခိုဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    “ဝန်ထမ်းတွေရော အလုပ်သမားတွေရော ဆေးလည်းထိုးထားတယ်။ ပြီးတော့ ကျွန်တော်တို့ ကိုဗစ်စည်းကမ်းအတိုင်း ဆောင်ရွက်ထားပါတယ်။ တည်းမယ့် ဧည့်သည်တွေကိုလည်း ရောက်တာနဲ့ ကိုယ်ပူချိန်တိုင်းတာတွေ လုပ်မှာပါ”ဟု ၎င်းက ပြောသည်။ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်မှု အန္တရာယ်ထိန်းချုပ်သည့်အနေဖြင့် မွန်ပြည်နယ် ကျိုက်ထီးရိုး ဆံတော်ရှင်စေတီ ဘုရားပွဲတော် အစီအစဉ်အားလုံးကို ၂၀၂၀ ခုနှစ် မတ် ၂၁ ရက်ကစပြီး ပိတ်သိမ်းခဲ့သဖြင့် ကျိုက်ထီးရိုးဘုရားကို အမှီပြုနေရသည့်လုပ်ငန်းများနှင့် အလုပ်သမားမိသားစုဝင်များအားလုံး အခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks