Homeငြိမ်းချမ်းရေးလှိုင်းဘွဲ့တွင် BGF တပ်စခန်းတစ်ခုတိုက်ခိုက်ခံရ၊ ထိခိုက်ကျဆုံးမှုရှိ

လှိုင်းဘွဲ့တွင် BGF တပ်စခန်းတစ်ခုတိုက်ခိုက်ခံရ၊ ထိခိုက်ကျဆုံးမှုရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁  အောက်တိုဘာ ၉)

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် နောင်မြလွဲနှင့် ကော့အိမ်ဆိုင်ကျေးရွာအကြားတွင် ရှိသည့် နယ်ခြားစောင့်တပ် (BGF) တပ်စခန်းတစ်ခုကို အောက်တိုဘာ ၇ ရက်နေ့ညပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု၏ တိုက်ခိုက်ခံရပြီး BGF မှ ထိခိုက်ကျဆုံးမှု ရှိခဲ့သည်ဟု BGF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဟုတ်တယ်ခင်ဗျ။ ကျနော်တို့လည်း စုံစမ်းနေတုန်း။ မြေပြင်မှာတော့ မသိသေးဘူးခင်ဗျ။ ကျနော်တို့ လောလောဆယ်ပြောဖို့ နည်းနည်းစောနေသေးတယ်။ ကျနော်တို့ စုံစမ်းမှုတော့လုပ်နေတယ်။ ဘာလို့လဲဆို‌တော့ သူတို့က ဇနီးရော၊ ကလေးရော သတ်သွားတာလေ” ဟု ဆိုသည်။

နောင်မြလွဲကျေးရွာအနီးတွင်ရှိသည့် BGF တပ်စခန်းတစ်ခုကို အောက်တိုဘာ ၇ ရက် ည ၁၁ နာရီအချိန်ခန့်တွင် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုတွင် ဝာာဝန်ခံတစ်ဦး၏ ဇနီးနှင့်ကလေး အသတ်ခံရခြင်းမှာ လူမဆန်သည့် လုပ်ရပ် ဖြစ်ကြောင်း BGF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျဆုံးမှုက တာဝန်ခံတစ်ယောက်ရယ်၊ သူ့ရဲ့ဇနီးရယ်၊ သူ့ရဲ့ကလေးရယ် နည်းနည်းတော့ လူတော့မဆန်ဘူး ပေါ့ဗျာ။ မိန်းမရော ကလေးရောသတ်သွားတာဆိုတော့။ အတိအကျမသိရသေးဘူး စစ်ဆေးတဲ့အဖွဲ့က သွားနေတုန်း။ အစီအရင်ခံစာက မတက်လာသေးဘူး” ဟု ၎င်းကဆိုသည်။

၎င်း တိုက်ခိုက်မှုအပြီး BGF ဘက်မှ နောင်မြလွဲနှင့် ကော့အိမ်ဆိုင်ကျေးရွာသို့ ကားများဖြင့် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ BGF စခန်းမှာ နောင်မြလွဲကျေးရွာတွင် အခြေစိုက်ထားခြင်းဖြစ်ပြီး BGF တပ်ရင်း ၁၀၁၉ လက်အောက်ခံဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts