spot_img
Wednesday, February 5, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင်မြို့ ပေါ်တွင် ရပ်ကွက်ရာအိမ်မှူး တစ်ဦးပစ်သတ်ခံရ

    မော်လမြိုင်မြို့ ပေါ်တွင် ရပ်ကွက်ရာအိမ်မှူး တစ်ဦးပစ်သတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ (‌၂၀၂၁ အောက်တိုဘာ ၉)

    မော်လမြိုင်မြို့ပေါ် မောင်ငံရပ်ကွက်ရာအိမ်မှူး ဦးလှဝင်းဆိုသူကို အောက်တိုဘာ ၈ ရက် ည‌နေပိုင်းက အမည်မသိသေနတ်သမား လာရောက်ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

    မောင်ငံမီးပွိုင့်အနီးတွင် သေနတ်ပစ်သံကြားလိုက်ရပြီး ၄င်းတစ်ဦးတည်း လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း မြိုခံတစ်ဦးက ပြောသည်။

    “ကျွန်တော်က ဆိုင်က ပြန်လာတာ မီးပွိုင့်ကို ကျော်ခဲ့ပြီ၊ သေနတ်သံ ၃ ချက် ကြားတော့ လန့်ပြီး ဆက်မသွားရဲဘူး။ အသံတိတ်သွား‌ေတာ့ ပြန်လှည့်ကြည့်တော့ သွေးအိုင်ထဲမှာ လဲနေပြီ”ဟု ၎င်းက ပြောသည်။

    အခင်းဖြစ်ပွားရာနေရာကို တာဝန်အရ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲဝင်များ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

    စစ်အာဏာသိမ်းပြီး ၈ လအကျော်တွင် မော်လမြိုင်မြို့ပေါ်၌ ပထမဆုံးအကြိမ် ရာအိမ်မှူးတစ်ဦး လုပ်ကြံခံရခြင်းဖြစ်ပြီး သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်နှင့် ရေးမြို့နယ်တို့တွင် အလားတူလုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။




    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,700SubscribersSubscribe
    spot_img

    Latest posts