spot_img
Monday, February 16, 2026
More
    spot_img
    HomeCovid 19ယခုနှစ် ကျိုက်ခမီရေလယ်ဘုရားပွဲတော် ဘာသာရေးအခမ်းအနားအဖြစ်သဘောမျှသာ ကျင်းပသွားမည်

    ယခုနှစ် ကျိုက်ခမီရေလယ်ဘုရားပွဲတော် ဘာသာရေးအခမ်းအနားအဖြစ်သဘောမျှသာ ကျင်းပသွားမည်

    -

    မွန်သတင်းအေဂျင်စီ (၆ အောက်တိုဘာ ၂၀၂၁)

    နှစ်စဉ်ကျင်းပမြဲဖြစ်သော  ကျိုက်ခမီရေလယ်ဘုရားပွဲတော်ကို ကိုဗစ်ကာလကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်များကြောင့် ယခုနှစ်တွင် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပခြင်းမပြုဘဲ ဘာသာရေးအခမ်းအနားအဖြစ်သဘောမျှသာ  ပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

    မဟာပဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ သီတင်းကျွတ်လဆန်း ၉ ရက်နေ့မှ လဆန်း ၁၃ ရက်နေ့အထိ ၅ ရက်တိုင်ပြုလုပ်ကျင်းပမှာဖြစ်ကြောင်း ကျိုက်ခမီရေလယ်ဘုရား ဂေါပကအဖွဲ့မှူး ဦးဖိုးငြိမ်းက ပြောသည်။

    “ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲပြီးရင် လပြည့်နေ့မှာ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို သာသနာ့ဗိမာန် မှာဆက်လက်ကျင်းပသွားမယ် ပြီးတာနဲ့ သံဃာစတုဒိတာကို ရေလယ်ကျောင်းမှာ ကျင်းပသွားဖို့ရှိတယ်” ဦးဖိုးငြိမ်းက ဆိုသည်။

    နိဗ္ဗာန်ဈေး၊ အားကစားပွဲ၊ ဇာတ်ပွဲနှင့် ဘုရားဝန်းကျင်အနီး ဈေးတန်းကြီးများကို ပိတ်ထားမည်ဖြစ်သော်လည်း ဘုရားဖူးဧည့်သည်များအနေဖြင့် ဆွမ်းအိုးမျှောခြင်း၊ ငါးစာကျွေးခြင်၊း ဆီမီးကိုးထောင်ထွန်းညှိပူဇော်ခြင်းနှင့် သဲပုံစေတီပြုလုပ်ခြင်းတို့ကို မိမိတို့အစီစဉ်ဖြင့် ပြုလုပ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။

    ပုံမှန်အားဖွင့် တစ်နှစ်ပတ်လုံး မြန်မာနိုင်ငံအနှံံံ့မှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျှက်ရှိသော်လည်း ယခုအခါ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွင် ဒေသခံ ဘုရားဖူးအနည်းငယ်သာ ရှိကြောင်း ကျိုက်ခမီမြို့ အမှတ်တရပစ္စည်းအရောင်းဆိုင်ပိုင်ရှင် မိချမ်းမွန်ကပြောသည်။

    “ ဒီလိုအခြေအနေဖြစ်နေတာက ၂ နှစ်ရှိနေပြီးပေါ့နော် ဘုရာဖူးမရှိတော့ ဈေးရောင်းလို့လည်းအဆင်မပြေဘူး ဈေးဦးမပေါက်တဲ့နေ့တွေလည်းရှိတော့ ဈေးသည်တွေအကုန်လုံး စားဝတ်နေရေးခက်ခဲသွားကြတယ်” ဟု မိချမ်းမွန်က ဆိုသည်။

    ကိုဗစ်တတိယလှိုင်းကူးစက်မှုမြင့်တက်နေသည့် ဇူလိုင်လဆန်းပိုင်းတွင် ကျိုက်ခမီရေလယ်ဘုရား ဖူးမြော်ခွင့်ကို ပိတ်ထားခဲ့ပြီး ရောဂါကူးစက်မှုလျှော့ကျလာခြင်းကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်က ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ 

    ပုံမှန်အားဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကျိုက်ခမီရေလယ် ဘုရားပွဲတော်ကို ပဌာန်းပူဇော်ပွဲ၊ အဘိဓမ္မာအခါတော်နေ့၊ ရှင်ဥပဂုတ္တမထေရ် ဆွမ်းအိုးမျှော်ပွဲတို့ကို သီတင်းကျွတ်လဆန်း ၁၄ ရက်မှ လဆုတ် ၅ ရက်နေ့အထိ ၇ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks