HomeCovid 19အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်ထား

အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်ထား

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၄)

အခြေခံပညာကျောင်းများကို ကိုဗစ်၁၉ စည်းကမ်းချက်များနှင့်အညီပြန်ဖွင့်နိုင်ရန် ပြင်ဆင်ထားကြောင်း မွန်ပြည်နယ် ပညာရေးမှူး ရုံးမှ သိရှိရသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပြီး ကိုဗစ်၁၉အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ညွှန်ကြားချက်ရပါက ကျောင်းပြန်ဖွင့်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ​ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဆရာကြီး ဦးစန်းအောင်က ပြောသည်။

” ကိုဗစ် ၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီက အရေးပေါ်ကူးစက်မှုကို နိုင်နင်းနိုင်တဲ့ အခြေအနေလိုမျိုး သူတို့စီစစ်ပြီးမှ သူတို့ရဲ့ညွှန်ကြားချက်အတိုင်း ဆက်ပြီးဆောင်ရွက်ရမှာ” ဟု
ဆရာကြီး ဦးစန်းအောင်က ဆိုသည်။

စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန် ကျောင်းသန့်ရှင်းရေး၊ အဆောက်အဦးပြင်ဆင်မှု၊ ကျောင်းအိမ်သာ၊ လက်ဆေးဘေစင်များနှင့် ကိုဗစ်၁၉ ကာကွယ်ရေးလုပ်ငန်းစဥ်များကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ကိုဗစ် ၁၉ရဲ့ခြိမ်းခြောက်မှုကလည်း အထိုက်အလျောက် ရှိနေသေးတယ်။ မနိုင်နင်းသေးဘူးပေါ့နော်။ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့လည်း ပညာသင်ယူရမယ့်အချိန်မှာ ကျောင်းတွေက မဖွင့်နိုင်တော့ ကျောင်းသားတွေမှာ သင်ယူလိုစိတ်တွေ ပျောက်သွားမှာကို ဆရာ၊ဆရာမတွေဘက်ကလည်း စိုးရိမ်နေပါတယ်”ဟု ဆရာကြီး ဦးစန်းအောင်က ဆိုသည်။

အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ အစည်းအဝေးမှ သိရသည်။

အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် အာဏာပိုင်များ စီစဥ်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts