Homeငြိမ်းချမ်းရေးစခန်းကြီးကျေးရွာ Mytel တာဝါတိုင် Control အထိုင်စက် မိုင်းထောင်ဖောက်ခွဲခံရ

စခန်းကြီးကျေးရွာ Mytel တာဝါတိုင် Control အထိုင်စက် မိုင်းထောင်ဖောက်ခွဲခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၂)

သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာရှိ Mytel တာဝါတိုင် Control အထိုင်စက်အား အောက်တိုဘာလ ၁ ရက် ည ၆ နာရီခွဲခန့်က မိုင်းထောင်ဖောက်ခွဲခံရကြောင်း သတင်းရရှိသည်။

သံဖြူဇရပ် – ရေး ကားလမ်းဘေးတွင်တည်ရှိသည့် စခန်းကြီးကျေးရွာ တာဝါတိုင် အောက်ခြေတွင် ပျက်စီးနေသည့်အပိုင်းအစအချို့ကို တွေ့ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

 “မနေ့ညနေပိုင်မှာ ပေါက်ကွဲသံကြားရပြီးတဲ့နောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာတယ် လာပြီးစစ်ဆေးတယ်၊ ဓါတ်ပုံတွေရိုက်သွားတယ်” ဟု ၄င်းက ပြောသည်။

သံဖြူဇရပ်အတွင်း ယခု Mytel တာဝါတိုင် ဖျက်ဆီးခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရေးမြို့နယ် ကနင်ကမော့ကျေးရွာရှိ Mytel တာဝါတိုင်၊ ကဗျာဝကျေးရွာအနီး Mytel တာဝါတိုင်၊ အောင်သပြေကျေးရွာရှိ Mytel တာဝါတိုင်၊ ကျောက်မိချောင်း (တောင်) ကျေးရွာအနီးရှိ Mytel တာဝါတိုင်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးရှိ Mytel တာဝါတိုင်နှင့် ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာရှိ Mytel တာဝါတိုင်အပါအဝင် စုစုပေါင်း မွန်ပြည်နယ်အတွင်း တာဝါတိုင် ၇ တိုင် မိုင်းဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts