spot_img
Monday, May 20, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးDKBA စစ်ဦးစီးချုပ်တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီး စောစတီးအား ခန့်အပ်

    DKBA စစ်ဦးစီးချုပ်တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီး စောစတီးအား ခန့်အပ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၃)

    ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ လစ်လပ်နေသည့် စစ်ဦးစီးချုပ်နေရာအား ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စောစတီးအား ခန့်အပ်လိုက်ကြောင်း ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် DKBA က ထုတ်ပြန်ခဲ့သည်။

    DKBA မှ ဗိုလ်ကြီးစောဇော်မင်းက “ဟုတ်ပါတယ်ခင်ဗျ။ အတည်ပြုပါတယ်ခင်ဗျ။ ဒီနေ့ပဲ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဗိုလ်ချုပ်ကြီးပေါ့။ ဗိုလ်ချုပ်ကြီး ခန့်အပ်တာဝန်ပေးလိုက်တာ” ဟု ပြောသည်။

    စစ်ဦးစီးချုပ် ခန့်အပ်တာဝန်ပေးခြင်းကို DKBA ၏ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ဖြင့် တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်သည်။

    ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ရန်ကုန်မြို့ရှိ တပ်မတော် အသည်းရောဂါအထူးကုဆေးရုံ (ICU) ထဲတွင် ဆေးကုသမှု ခံယူနေစဥ် ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

    ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ၂၀၁၆ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီး စောလာပွယ်( ခေါ် )ဗိုလ်နှုတ်ခမ်းမွှေး ကွယ်လွန်ခဲ့ပြီးနောက် DKBA ၏ စစ်ဦးစီးချုပ်ဖြစ်လာသူ ဖြစ်သည်။

    တိုးတက်သောဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် အမည်သစ်ပြောင်းလဲခဲ့ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်တွင် ဌာနချုပ်အခြေစိုက်ကာ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသ၊ လှိုင်းဘွဲ့နှင့် မာနယ်ပလောဒေသအတွင်း လှုပ်ရှားလျက်ရှိသည်။

    ထို့နောက် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ တွင် အစိုးရနှင့် အပစ်ရပ် သဘောစာချုပ်ချုပ်ဆို ခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။

    DKBA သည် ၁၉၉၄ ခုနှစ်တွင် မိခင် ကရင်အမျိုးအသားအစည်းအရုံး-KNU မှ ခွဲထွက်ခဲ့သည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,900SubscribersSubscribe
    spot_img

    Latest posts