Homeငြိမ်းချမ်းရေးကျိုက်ထိုမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီးတစ်ဦးအပါအဝင် လုပ်ငန်းရှင် ၅ ဦးကို စစ်တပ်က ဖမ်းဆီး

ကျိုက်ထိုမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအမျိုးသမီးတစ်ဦးအပါအဝင် လုပ်ငန်းရှင် ၅ ဦးကို စစ်တပ်က ဖမ်းဆီး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၁)

ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်တင်မာလွင် နှင့် လုပ်ငန်းရှင် ၅ ဦးအား စစ်တပ်က  ယမန်နေ့ (စက်တင်ဘာလ ၂၂ရက်နေ့)တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှင့်လုပ်ငန်းရှင်များကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်တပ်က မေးမြန်းစရာရှိဟုဆိုကာ ခေါ်ဆောင်သွားပြီး မိသားစုများ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

” မေးစရာရှိလို့လို့ပြောပြီးတော့ခေါ်တာပါ။ အခုထိပြန်မလွတ်သေးပါဘူး။အဆက်အသွယ်လည်းမရသေးပါဘူး” ဟု ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူး မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ထို့အပြင် မျိုးမြင့်နှင့်သားများ လျှပ်စစ် ပစ္စည်း ဆိုင်ပိုင်ရှင် ဦးမျိုးမြင့်၊ ဇွဲ ရတနာ ဆိုင်ပိုင်ရှင် ဦးမင်းဇော်၊ ဝင်းဝင်းဌေး ရွှေဆိုင်ပိုင်ရှင်ဦးခင်စိုးနှင့် ဦးမြသိန်း ဖုန်း ပစ္စည်း ဆိုင်ပိုင်ရှင် ကိုမျိုးလင်းထွဋ္ဋ် တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးရခြင်းအကြောင်းအရင်းနှင့် လက်ရှိအခြေအနေကို မေးမြန်းရန်ကျိုက်ထိုမြို့မ ရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမှူမရှိခဲ့ပါ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts