HomeCovid 19ရုပ်ရှင်သရုပ်ဆောင်နန္ဒာလှိုင် လှူဒါန်းသောအောက်စီဂျင်စက် မော်လမြိုင်တွင် ယနေ့ညနေစတင်လည်ပတ်နိုင်ရန် စီစဥ်နေ

ရုပ်ရှင်သရုပ်ဆောင်နန္ဒာလှိုင် လှူဒါန်းသောအောက်စီဂျင်စက် မော်လမြိုင်တွင် ယနေ့ညနေစတင်လည်ပတ်နိုင်ရန် စီစဥ်နေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၁)

ကိုဇေသီဟနှင့် ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်တို့  မွန်ပြည်နယ်အတွက် လှူဒါန်းထားသော အောက်ဆီဂျင်စက်ကို မော်လမြိုင်မြို့၌ ယနေ့ (စက်တင်ဘာလ ၂၁ ရက်) ညနေတွင် စတင်လည်ပတ်နိုင်ရန် မွန်ဒေသလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထောက်ပံ့ရေးကော်မတီ စီစဥ်နေကြောင်း ကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

 “စက်က မနေ့ကရောက်တယ်။လျှပ်စစ်မီးလည်း သွယ်ပြီးပြီ။ ဒါပေမယ့် စက်ရဲ့ ပုံမှန်ဖြစ်မဖြစ်ကို အင်ဂျင်နီယာတွေနဲ့ ပြန်စစ်ဆေးဦးမယ်။ အင်ဂျင်နီယာတွေက ဒီနေ့ နေ့လည်စစ်မယ်။ အကုန်အဆင်ပြေရင် ဒီညနေ စပြီးလည်ပတ်မယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

လှူဒါန်းထားသောအောက်ဆီဂျင်စက်သည် တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၁၅၀ မှ ၁၆၀ အထိ ထုတ်ယူနိုင်ပြီး ကိုဗစ်လူနာ အယောက်တစ်ရာခန့်အတွက် လုံလောက်သောအောက်ဆီဂျင်ပမာဏကို ​​နေ့စဥ် အခမဲ့ ဖြန့်ဝေသွားမည်ဟု ဆိုသည်။

” ပိတ်ရက်မရှိ လည်ပတ်မှာပါ။ လိုအပ်ရင် ညပိုင်းတွေအထိပါ ဆက်လည်ပတ်ပေးမှာပါ။ ၂၄ နာရီ အပြည်တော့ လည်ပတ်လို့မရသေးပါဘူး။ စက်ရဲ့ ကြံ့ခိုင်မှုနဲ့ တာရှည်ခံဖို့လည်း ရှိသေးတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

အောက်ဆီဂျင်စက်ကို မော်လမြိုင်မြို့ ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်ဘုန်းတော်ကြီးကျောင်းတွင် သယ်ယူနေရာချထားပြီး မွန်ဒေသလုံးဆိုင်ရာကိုဗစ်ကပ်ရောဂါကာကွယ်ထောက်ပံ့ရေးကော်မတီက တာဝန်ယူဖြန့်ဝေပေးမှာဖြစ်ကြောင်း သိရသည်။

အလားတူ မွန်ဒေသလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထောက်ပံ့ရေးကော်မတီ ဝယ်ယူထားသော အောက်စီဂျင်စက်ရုံ ကိုလည်း ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်ဘုန်းတော်ကြီးကျောင်း၌ တပ်ဆင်လျက်ရှိပြီး ယခုလကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်မည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts