Homeငြိမ်းချမ်းရေးချောင်းတောင်တံတား လုံခြုံရေးအဖွဲ့အား လက်ပစ်ဗုံးလာပစ်သူတစ်ဦး သေနတ်ပြန်အပစ်ခံရသေဆုံး

ချောင်းတောင်တံတား လုံခြုံရေးအဖွဲ့အား လက်ပစ်ဗုံးလာပစ်သူတစ်ဦး သေနတ်ပြန်အပစ်ခံရသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၁)

မွန်ပြည်နယ် ရေးမြို့ ချောင်းတောင်တံတားဂိတ်သို့ ပြီးခဲ့သည့်ည (စက်တင်ဘာ ၂၀ ) သန်းခေါင်အချိန်ခန့်က လုံခြုံရေးဆောင်ရွက်နေသော ရဲနှင့်စစ်သားတို့ကို လက်ဗစ်ဗုံးလာပစ်သူတစ်ဦး သေနတ်ပြန်အပစ်ခံရသဖြင့် သေဆုံးသွားကြောင်း ရဲအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါအမျိုးသားသည် ချောင်းတောင်ကျေးရွာဖက်အခြမ်း တံတားထိပ်လုံခြုံရေးကင်းတဲအား တံတားအောက်မှနေ၍ လက်ပစ်ဗုံးတစ်လုံးလာရောက်ပစ်ခဲ့ကြာင်း၊ လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့်ပြန်လည်ပစ်ခဲ့ရာ အဆိုပါအမျိုးသား၏ ရင်ဝတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးစောင်းအထက် ကျည်ဖောက်ဒဏ်ရာ ၁ ချက်ရရှိပြီး တံတားအောက်မြက်တော၌ လဲကျသေဆုံးခဲ့ကြောင်း၊ ၄င်းပစ်ခတ်ခဲ့သည့် တရုတ်နိုင်ငံထုတ် 91 လက်ပစ်ဗုံးသည်လည်း ပေါက်ကွဲမှုမရှိကြောင်း သိရသည်။

နေရပ်နှင့် နာမည်မသိ အသက် ၃၅ နှစ်ခန့်ရှိသေဆုံးခဲ့သူ အဆိုပါအမျိုးသား မည်သူမည်ဝါဖြစ်သည်ကို အာဏာပိုင်များက ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်ကလည်း အဆိုပါ ချောင်းတောင်တံတားပေါ် ရေးမြို့ဘက်အခြမ်းရှိ စစ်ဆေးရေးဂိတ်အား ၄င်းတို့ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရေးမြို့နယ် ကာကွယ်ရေးအထူးအဖွဲ့ YFTF ဆိုသည့်အဖွဲ့၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts